
ဂျပန်လက်ရွေးစင်အသင်းနည်းပြ မိုရီယာဆုက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်းကို အိမ်ကွင်း၌ (၁၀) ဂိုးပြတ် အနိုင်ခဲ့သော်လည်း အဝေးကွင်းတွင် (၂) ဂိုးသာ ရခဲ့သည်ကို မမေ့သင့်ကြောင်း ဂျပန်မီဒီယာများနှင့် တွေ့ဆုံရာတွင် သတိပေးပြောကြားခဲ့သည်။
ဂျပန်လက်ရွေးစင်အသင်းနည်းပြ မိုရီယာဆုသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရန် တစ်ပတ်အလိုတွင် လာဇီယိုကွင်းလယ်လူ ကာမာဒါနှင့် ဖရိုင်းဘတ်တိုက်စစ်မှူး ဒိုအန်တို့ကို ထပ်မံခေါ်ယူ ဖြည့်တင်းလိုက်ကြောင်း သိရသည်။
မိုရီယာဆုက ''၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲတွေက ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး။ ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာအသင်းကို ကျွန်တော်တို့ (၁၀) ဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ်ဆိုပေမဲ့ အဝေးကွင်းမှာ (၂) ဂိုးပဲ ရခဲ့တာကိုတော့ ခင်ဗျားတို့ သတိရသင့်တယ်။ ဒီအုပ်စုထဲမှာ ရှိတဲ့အသင်းတိုင်းက နောက်ဆုံးအဆင့်ကို တက်ရောက်သွားနိုင်ပါတယ်။
ကျွန်တော်တို့ အမှာသေးသေးလေးကိုတောင် ခွင့်ပြုပေးလိုက်လို့ မရဘူးဆိုတာ မမေ့လျော့ကြပါနဲ့။ ကျွန်တော်တို့ မဆုတ်မနစ် ကြိုးစားအားထုတ်မှသာ နိုင်ပွဲတွေရနိုင်မှာပါ။ ကျွန်တော် ဘာကြောင့် ၂၆ ယောက် ရွေးထားရသလဲဆိုတော့ ဒဏ်ရာရလာမယ့်ကစားသမားတွေအတွက် ကြိုပြင်ဆင်တဲ့သဘောပါ။ အုပ်စုပထမပွဲ (မြန်မာအသင်းနှင့်ပွဲ) မှာ ကျွန်တော့်ကစားသမားတွေ ဘာတွေလုပ်ပြနိုင်မလဲဆိုတာကို စောင့်ကြည့်ပြီး နောက်ပွဲ(ဆီးရီးယားနှင့်ပွဲ) အတွက်ပြင်ဆင်သွားမှာပါ။ ဒီလထဲမှာ ကစားရမယ့် နှစ်ပွဲစလုံးက ကျွန်တော်တို့အတွက် အလွန်အရေးကြီးပြီး ခြောက်မှတ်အပြည့်ရဖို့ လိုအပ်ပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျပန်လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် အုပ်စု(B) ၌ မြန်မာ၊ ဆီးရီးယား၊ မြောက်ကိုရီးယားအသင်းတို့နှင့်အတူ ကျရောက်နေသည်။
ဂျပန်လက်ရွေးစင်အသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် နိုဝင်ဘာ ၁၆ ရက်၊ ဒေသစံတော်ချိန် ည(၇) နာရီ(မြန်မာစံတော်ချိန် ညနေ ၄ နာ၊ရီခွဲ) တွင် အိမ်ကွင်းအဖြစ် အိုဆာကာမြို့ရှိ ပရိသတ်(၄) သောင်းဆံ့ Panasonic Stadium တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်