Top News

စပို့တင်းလစ္စဘွန်းနောက်ခံလူ အီနာစီယိုကို စာချုပ်လျော်ကြေးပေး၍ ခေါ်ယူရန် မန်ယူအသင်း စီစဉ်
24htopnews | January 10, 2025 3:12 AM CST

မန်ယူအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ပေါ်တူဂီနောက်ခံလူ အီနာစီယို(၂၂ နှစ်)ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စာချုပ်လျော်ကြေးပေး၍ ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အီနာစီယိုသည် စပို့တင်းလစ္စဘွန်းအသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားရာ၌ ပေါင်(၅၂)သန်းတန် လျော်ကြေးစာချုပ် ထည့်သွင်းထားခြင်းဖြစ်သည်။

၎င်းကို ရီးယဲလ်၊ လီဗာပူးလ်နှင့် နယူးကာဆယ်အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည့်အတွက် မန်ယူအသင်းက ဇန်နဝါရီတွင်ပင် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

မန်ယူအသင်းသည် အီနာစီယိုကို ခေါ်ယူရန် ပြီးခဲ့သည့်ရက်သတ္တပတ်များကတည်းက စပို့တင်းလစ္စဘွန်းအသင်းနှင့် ဆက်သွယ်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK