
၂၀၁၅ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ ငွေတံဆိပ်ဆုရ မြန်မာ ယူ-၂၃ ဘောလုံးအသင်းတွင် ပါဝင်ခဲ့သည့် နောက်ခံလူ သိန်းနိုင်ဦးသည် နိုဝင်ဘာ (၉) ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
သိန်းနိုင်ဦးသည် ကွယ်လွန်ချိန်တွင် အသက် (၂၈) နှစ်သာရှိသေးပြီး နိုဝင်ဘာ (၁၁)ရက်တွင် ရန်ကုန်မြို့ရှိ ရေဝေးသုဿန်၌ မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။
၎င်းကွယ်လွန်ခဲ့သည့်အတွက် ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းတွင် အတူတကွပါဝင်ကစားခဲ့သည့် ကစားဖော်များနှင့် နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဦးကြည်လွင်တို့က လူမှုကွန်ရက်များတွင် ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့သည်။
သိန်းနိုင်ဦးသည် စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲ ငွေတံဆိပ်ဆုရ မြန်မာ ယူ-၂၃ အသင်းအပါအဝင် သက်တမ်းအလိုက်လက်ရွေးစင်အသင်းများ၌ ပါဝင်ခဲ့သူဖြစ်ပြီး ကလပ်အသင်းများအဖြစ် KBZFC (ယခု ရှမ်းယူနိုက်တက်)၊ ဧရာဝတီစသည့် ကလပ်များတွင် ပါဝင်ကစားခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များတွင် ဘောလုံးလောကနှင့် အဆက်ပြတ်နေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်