
မန်ယူကွင်းလယ်လူ အဲရစ်ဆင်နှင့် တိုက်စစ်မှူး ဟွိုင်လန်းတို့သည် ပြီးခဲ့သည့်စနေနေ့က လူတန်အသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း အသင်းမှ အတည်ပြုကြေညာခဲ့သည်။
ယင်းကစားသမားနှစ်ဦး ဒဏ်ရာရရှိမှုကြောင့် မန်ယူအသင်းတွင် ဒဏ်ရာရကစားသမား ကိုးဦးအထိရှိလာပြီး စည်းကမ်းပိုင်းဆိုင်ရာပြစ်ချက်ကြောင့် အသင်းလူစာရင်းမှ ထုတ်ပယ်ခံထားရသည့် ဆန်ချိုနှင့်ပေါင်းလျှင် အသင်း၌ မကစားနိုင်သူအရေအတွက်မှာ ၁၀ ဦးအထိ ရှိနေသည်။
အဲရစ်ဆင်သည် ယင်းပွဲ မိနစ် ၄၀ တွင် ဒူးဒဏ်ရာရရှိမှုကြောင့် မေဆန်မောင့်နှင့် လူစားလဲခဲ့ရပြီး ဟွိုင်လန်းမှာမူ ၇၉ မိနစ်တွင် ကြွက်သားဒဏ်ရာ ရရှိမှုကြောင့် မာစီယဲလ်နှင့် အစားထိုးခဲ့ရသည်။ မန်ယူအသင်းက ခရစ္စတီယန်(အဲရစ်ဆင်)သည် ဒူးဒဏ်ရာရရှိမှုကြောင့် တစ်လဝန်းကျင်ခန့် အနားယူရဖွယ်ရှိနေပြီး ရက်မူးစ်(ဟွိုင်လန်း)မှာမူ ကြွက်သားဒဏ်ရာရခဲ့သဖြင့် နိုဝင်ဘာလမကုန်မီ ပြန်လာနိုင်ရန်မျှော်လင့်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
အဲရစ်ဆင် အနေဖြင့် မန်ယူအသင်း၏ ချန်ပီယံလိဂ်လက်ကျန်ပွဲ နှစ်ပွဲ၊ ပရီးမီးယားလိဂ် လေးပွဲကို လွဲချော်ရနိုင်ခြေ များနေပြီး ဟွိုင်လန်းမှာမူ နိုဝင် ဘာလ ၂၉ ရက်တွင် ဂါလာတာစာရေးအသင်း နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ပါဝင်ကစားရန် မသေချာကြောင်းသိရသည်။ ဟွိုင်လန်း နှင့် အဲရစ်ဆင်တို့သည် ယူရိုခြေစစ်ပွဲများ ကစားမည့် ဒိန်းမတ်လက်ရွေးစင်အသင်း၏ လူစာရင်းမှလည်း နုတ်ထွက်ခဲ့ကြသည်။
အခြားမန်ယူနောက်ခံလူဖြစ်သည့် ဒါလော့မှာလည်း ယူရိုခြေစစ်ပွဲများကစားမည့် ပေါ်တူဂီလက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ ဒါလော့သည် စေ့စပ်ထားသူ ကလော်ဒီယာလိုပက်စ်မှ သူတို့၏ပထမဆုံးကလေးကို မွေးဖွားဖွယ်ရှိနေခြင်းကြောင့် ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြင့် နိုင်ငံအသင်း လူစာရင်းမှ နုတ်ထွက်ခဲ့သည်။
နည်းပြ တန်ဟက်ဂ်၏မန်ယူအသင်းသည် ခရစ္စမတ်ကာလမတိုင်မီ ဘိုင်ယန်မြူးနစ်နှင့်ပွဲအပါအဝင် ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲများ၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့နှင့် ပရီးမီးယားလိဂ်ပွဲကျပ်များ ကစားရမည်ဖြစ်သည်။
မန်ယူအသင်းတွင်မကစားနိုင်သည့် ကစားသမားစာရင်း
အမည် ပြန်လာဖွယ်ရှိသည့်ရက်
ကက်စီမီရို ၁၄-၁-၂၀၂၄
လီဆန်ဒရိုမာတီနက်ဇ် ၁၃-၁-၂၀၂၄
အီဗန်စ် ၂၆-၁၁-၂၀၂၃
ဝမ်ဘစ်ဆာကာ ၂၆-၁၁-၂၀၂၃
မာလာစီယာ ၂၆-၁၁-၂၀၂၃
လုခ်ရှော ၂၆-၁၁-၂၀၂၃
အဲရစ်ဆင် ၁၂-၁၂-၂၀၂၃
ဟွိုင်လန်း ၃၀-၁၁-၂၀၂၃
ဒီယာလို မဖော်ပြ
ဆန်ချို ပွဲကစားခွင့်ပိတ်ပင်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်