Top News

ပြီးခဲ့တဲ့ရာသီက ရပ်ရှ်ဖို့ဒ် ဘယ်ရောက်သွားလဲ
24htopnews | January 10, 2025 3:12 AM CST

ပရိသတ်တချို့ကတော့ ဒီအချိန်မှာ မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို လူပျောက်ကြော်ငြာ ထည့်ရမလိုတောင် ဖြစ်နေပြီလို့ လှောင်ပြောင်ကြပါတယ်။ အင်္ဂလန်တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတွေကို မမြင်ရသလောက်ဖြစ်နေတာကြောင့်ပါ။ ရပ်ရှ်ဖို့ဒ်ရဲ့ ဒီရာသီတိုက်စစ်စွမ်းဆောင်ရည်က ပြိုင်ပွဲစုံ(၁၅)ပွဲ ကစားအပြီးမှာ သွင်းဂိုး(၁)ဂိုးသာ သွင်းယူထားနိုင်တာကြောင့် ဒီလိုလှောင်ပြောင်ကြတာလည်း မလွန်ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ(၅၆)ပွဲမှာ ဂိုး(၃၀)အထိသွင်းယူပြီး ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးတိုက်စစ်စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဒီလောက် မြန်မြန်ဆန်ဆန်ပြောင်းလဲသွားခဲ့တာ ဘာကြောင့်လဲ။ ဒီမေးခွန်းရဲ့ အဖြေကို အသိချင်ဆုံးကတော့ မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ် ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရပ်ရှ်ဖို့ဒ် ရုန်းကန်နေရတာဟာ မန်ယူအသင်း ရုန်းကန်နေရတာနဲ့ အတူတူ၊ တန်ဟက်ဂ် ရုန်းကန်နေရတာနဲ့ အတူတူပဲ ဖြစ်နေတာကြောင့်ပါ။ မန်ယူအသင်း ပြိုလဲကျဆင်းနေခြင်းအတွက် ရပ်ရှ်ဖို့ဒ်တစ်ဦးတည်းကို အပြစ်ဆိုလို့ မရနိုင်ပေမဲ့ ရပ်ရှ်ဖို့ဒ်သာဂိုးတွေ ပုံမှန်သွင်းယူနေနိုင်ခဲ့မယ်ဆိုရင် မန်ယူအသင်း အခုထက်မြင့်မားတဲဲ့ အဆင့်နေရာတစ်ခုမှာ ရပ်တည်နေနိုင်မှာတော့ သေချာပါတယ်။


READ NEXT
Cancel OK