
နာပိုလီအသင်း၏ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်က မိမိတွင် အနှစ်သက်ဆုံး ပရီးမီးယားလိဂ်ကလပ်အသင်း မရှိသော်လည်း ချယ်လ်ဆီးနှင့် မန်ယူအသင်း၏ အင်္ကျီနှစ်ထည်ရှိသည်ဟု ပြောကြားခဲ့သည်။
အိုဆင်မန်(၂၄ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် စီးရီးအေဂိုးသွင်းဘုရင်ဆု ရရှိခဲ့သူဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများနှင့် ဆော်ဒီကလပ်အသင်းအချို့၏ ခေါ်ယူရန် ကြိုးပမ်းခြင်းခံခဲ့ရသူဖြစ်သည်။ ၎င်းက ကမ်းလှမ်းမှုအားလုံးကို ငြင်းပယ်ကာ နာပိုလီအသင်းတွင် ဆက်နေရန်သာ ဆုံးဖြတ်ခဲ့သော်လည်း လက်ရှိအချိန်တွင် နာပိုလီအသင်းနှင့် အဆင်မပြေမှုများရှိလာသည့်အတွက် အပြောင်းအရွှေ့သတင်းများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် The Obi One Podcast ၏ အင်တာဗျူးအစီအစဉ်၌ အိုဆင်မန်က ဆော်ဒီနှင့် ပရီးမီးယားလိဂ်ကလပ်အသင်းများအကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက အိုဆင်မန်အား ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း နာပိုလီအသင်းနှင့် အိုဆင်မန်တို့က ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ အိုဆင်မန်က "ပြီးခဲ့တဲ့နွေရာသီမှာ အသင်းက ထွက်ခွာဖို့ ကျွန်တော် လုံးဝမစဉ်းစားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နာပိုလီအသင်းက ကျွန်တော့်ကို ဆက်ရှိနေစေချင်တဲ့ အတွက်ပါ။ ဒါပေမဲ့ ဆော်ဒီက ဧရာမကမ်းလှမ်းမှု ရောက်လာတဲ့အခါမှာတော့ ငြင်းဆန်ရခက်ခဲ့ပါတယ်။ ကျွန်တော်က နာပိုလီအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆော်ဒီကတော့ ကျွန်တော် ငြင်းတာနဲ့ ကြေးထပ်တိုးပြီး ကမ်းလှမ်းခဲ့တာပါပဲ။ အဲဒါ ကျွန်တော့်ဘဝကို ပြောင်းလဲသွားစေနိုင်ခဲ့ပါတယ်။ သူ တို့က လုံးဝလက်မလျှော့ခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့နိုင်ခြေရှိ၊ မရှိ မေးမြန်းမှု နှင့် ပတ်သက်၍မူ "ကျွန်တော့်မှာ အနှစ်သက်ဆုံး ပရီးမီးယားလိဂ်ကလပ် မရှိပါဘူး။ ဒါပေမဲ့ ချယ်လ်ဆီးနဲ့ မန်ယူ နှစ်ထည်တော့ ရှိပါတယ်။ ကျွန်တော့်သူငယ်ချင်းအများစုက ချယ်လ်ဆီးပရိသတ်တွေဖြစ်ပြီး မန်ယူပရိသတ်နည်းနည်းလည်းရှိပါတယ်။ အာဖရိကကစားသမားတစ်ယောက်အတွက် ပရီးမီးယားလိဂ်ဆိုတာ အကျော်ကြားဆုံးလိဂ်၊ အခမ်းနားဆုံးလိဂ်ပါ"ဟု အိုဆင်မန်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်