
ဇန်နဝါရီ ၁ ရက်က ထရန့် အပြည်ပြည်ဆိုင်ရာဟိုတယ်အပြင်ဘက်တွင် Tesla Cybertruck ဗုံးခွဲမှုကို ကျူးလွန်ခဲ့သူသည် ChatGPT ၏ အကူအညီကို အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁ ရက်က လာ့စ် ဗေးဂက်စ်မြို့ရှိ ထရန့်အပြည်အပြည်ဆိုင်ရာဟိုတယ် အပြင်ဘက်တွင် Tesla Cybertruck ကားတစ်စီး ဗုံးပေါက်ကွဲခဲ့ပြီး ထိုဗုံးခွဲတိုက်ခိုက်မှုကို အမေရိကန် ကျည်းတပ်၏ အထူးတပ်ဖွဲ့ တပ်ကြပ်ကြီး မက်သူး လီဗယ်စ်ဘာဂျာက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သူသည် လိုအပ်သည့် ဖောက်ခွဲရေးပစ္စည်းပမာဏနှင့် ကိုယ်ရေးအချက်အလက်များမပါဘဲ ဖုန်းဖြင့် မီးရှူးမီးပန်းများဝယ်ယူရရှိနိုင်သည့်နေရာကို ChatGPT ဖြင့် ရှာဖွေခဲ့ကြောင်း လာ့စ် ဗေးဂက်စ်မြို့တော်ရဲတပ်ဖွဲ့၏ ရဲမှူး ကီဗင် မက်မဟေးလ်က ပြောကြားခဲ့သည်။
လီဗယ်စ်ဘာဂျာသည် Tesla Cybertruck ကား မပေါက်ကွဲမီအချိန်တွင် ကားထဲတွင် မိမိကိုယ်ကိုယ်သေနတ်ဖြင့်ပစ်ခတ်ပြီး အဆုံးစီရင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မက်မဟေးလ်က AI နည်းပညာကို အခြေအနေတစ်ရပ်အားပြောင်းလဲနိုင်သည့်အရာအဖြစ် သုံးနှုန်းပြောဆိုခဲ့သည်။
"AI က အခြေအနေတစ်ခုခု ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ လူနေမှုဘ၀တွေအတွက် အပြောင်းအလဲတစ်ခုဖြစ်လာတာကို ကျွန်တော်တို့သိခဲ့ပါပြီ။ ဒါဟာ အမေရိကန်မြေပေါ်မှာ ChatGPT နဲ့ပတ်သက်တဲ့ ပထမဆုံး ဖြစ်စဉ်တစ်ခုပါ" ဟု မက်မဟေးလ်က ပြောကြားခဲ့သည်။
ChatGPT ကိုတီထွင်သည့် OpenAI ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့ကုမ္ပဏီအနေဖြင့် ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွင် အာဏာပိုင်များနှင့်ပူးပေါင်းသွားမည်ဟု ပြောကြားခဲ့သည်။
Ref: CBS News
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်