Top News

ဖရန့်ဖတ်တိုက်စစ်ကစားသမား အိုမာမာမွတ်ရှ်အား ပေါင်သန်း (၅၀) ဖြင့် ခေါ်ယူနိုင်ရန် မန်စီးတီး နီးစပ်
24htopnews | January 9, 2025 7:12 PM CST

မန်စီးတီးအသင်းသည် ဖရန့်ဖတ်တိုက်စစ်ကစားသမား အိုမာမာမွတ်ရှ်အား ပေါင်သန်း (၅၀) ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား အိုမာမာမွတ်ရှ်သည် ယခုရာသီတွင် ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၄) ပွဲတွင် (၁၈) ဂိုးသွင်းယူထားပြီး ခြေစွမ်းပြနေသည်။

အိုမာမာမွတ်ရှ်သည် အီဂျစ်အသင်းဖော် ဆာလာလက်သစ်ဟု နာမည်ကြီးနေပြီး  လီဗာပူးလ်နှင့် အာဆင်နယ်အသင်းတို့ကလည်း ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

အိုမာမာမွတ်ရှ်သည် တိုက်စစ်နေရာစုံတွင် ကစားနိုင်သူဖြစ်ပြီး ယခုအခါ မန်စီးတီးအသင်းသည် ၎င်းအား ပေါင်သန်း (၅၀) ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ယခုရာသီတွင် မထင်မှတ်ဘဲ ရလဒ်များဆိုးရွားခဲ့ခြင်းကြောင့် အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေပြီး အသင်းရှိကစားသမားအချို့ကိုလည်း ရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။

ဖရန့်ဖတ်အသင်းသည် အိုမာမာမွတ်ရှ်အတွက် မန်စီးတီးအသင်း၏ ကနဦးကမ်းလှမ်းမှုများကို ပယ်ချခဲ့သော်လည်း ယခုအခါ ပေါင်သန်း (၅၀) ဖြင့် သဘောတူညီမှုရရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 


READ NEXT
Cancel OK