Top News

စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေသည့် ဗလာဟိုဗစ်အတွက် ကမ်းလှမ်းမှုကို ဂျူဗင်တပ်စ်အသင်း လက်ခံစဉ်းစားသွားမည်
24htopnews | January 9, 2025 7:12 PM CST

ဂျူဗင်တပ်စ်အသင်းသည် အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေသည့် ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။

အသက် (၂၄) နှစ်အရွယ်ရှိ ဗလာဟိုဗစ်သည် ၂၀၂၂ ဇန်နဝါရီတွင် ဖီအိုရင်တီးနားအသင်းမှ ဂျူဗင်တပ်စ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရိုသန်း (၈၀) ဖြင့် ရောက်ရှိလာသူဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းနှင့် ချုပ်ဆိုထားသည့် ဗလာဟိုဗစ်၏လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်အတွက် ဆွေးနွေးမှုမှာ အဆင်မပြေ ဖြစ်နေသည်။

ယင်းအတွက် ဂျူဗင်တပ်စ်အသင်းသည် ဗလာဟိုဗစ်အား ယခုဇန်နဝါရီ သို့မဟုတ် လာမည့် နွေရာသီတွင် ရောင်းထုတ်ရန်စီစဉ်နေခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုဇန်နဝါရီမှာပင် ဗလာဟိုဗစ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ပြီး ၎င်း၏နေရာတွင် အစားထိုးရန်အတွက် PSG တိုက်စစ်မှူး မူအာနီနှင့် မန်ယူတိုက်စစ်မှူး ဇက်ဇီတို့ကို ပစ်မှတ်ထားလျက်ရှိနေကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ဗလာဟိုဗစ်ကို ယခုဇန်နဝါရီတွင် မရောင်းဖြစ်ပါကလည်း တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။ 

 


READ NEXT
Cancel OK