Top News

အီဒါဆန်အား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ် ပစ်မှတ်ထား
24htopnews | January 9, 2025 7:12 PM CST

ရီးယဲလ်မက်ဒရစ်အသင်းသည် အတ္တလန်တာကွင်းလယ်ကစားသမား အီဒါဆန်အား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်နွေရာသီက ကစားသမားဘဝမှ အနားယူခဲ့သည့် ဂျာမန်ကွင်းလယ်ကစားသမား တိုနီခရို့စ်၏နေရာတွင် အစားထိုးရန်အတွက် ဆိုစီဒက်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီကို ခေါ်ယူလိုနေသည်။

သို့ သော် ဇူဘီမန်ဒီအား ခေါ်ယူလိုသည့် အသင်းများပြားနေပြီး ကစားသမားအနေဖြင့်လည်း ဆိုစီဒက်အသင်းမှ ထွက်ခွာရန် ခက်ခဲကြောင်း သုံးသပ်မှုများ ရှိနေသည်။

ရီးယဲလ်အသင်းသည် ဇူဘီမန်ဒီအား မခေါ်နိုင်ပါက အတ္တလန်တာအသင်းမှ ဘရာဇီးလ်ကွင်းလယ်ကစားသမား အီဒါဆန်အား အစားထိုးခေါ်ယူရန် ပစ်မှတ်ထားလာခြင်းဖြစ်သည်။

အတ္တလန်တာအသင်းကမူ အီဒါဆန်ကို လက်လွှတ်လိုခြင်းမရှိသော်လည်း မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမည်ဆိုပါက ရောင်းချဖွယ်ရှိကြောင်း သိရသည်။ 


READ NEXT
Cancel OK