Top News

ဂါနာချိုကိုခေါ်ယူရန် အက်သလက်တီကို စောင့်ကြည့်နေ
24htopnews | January 9, 2025 7:12 PM CST

အက်သလက်တီကိုအသင်းသည် မန်ယူတိုက်စစ်ကစားသမား ဂါနာချိုအား ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။

အသက်(၂၀) အရွယ်ရှိ ဂါနာချိုသည် မန်ယူအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး တန်ဟက်ဂ်လက်ထက်တွင် နာမည်ရလာသူဖြစ်သည်။

သို့သော် အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုသည် နည်းပြ အာမိုရင်မ်၏ ၃-၄-၃ ကစားကွက်နှင့် အံဝင်ခြင်းမရှိသည့်အတွက် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။

ထို့ပြင် မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်၏အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်း(PSR) နှင့် ကိုက်ညီမှုရှိစေရန်အတွက် အကျိုးအမြတ်ပိုမိုရရှိနိုင်သည့် အကယ်ဒမီထွက်ကစားသမားများကို ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။

ယင်းထဲတွင် ဂါနာချိုလည်း ပါဝင်နေရာ အက်သလက်တီကိုအသင်းက ၎င်းကို ခေါ်ယူရန်စောင့်ကြည့်နေခြင်းဖြစ်သည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် ဂါနာချိုအား ခေါ်ယူရန် ကာလရှည်စိတ်ဝင်စားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ 


READ NEXT
Cancel OK