Top News

ရပ်ရှ်ဖို့ဒ်အား အငှားခေါ်ယူလိုသည့်အသင်းများထဲတွင် စပါးအသင်းလည်း ပါဝင်လာ
24htopnews | January 9, 2025 7:12 PM CST

စပါးအသင်းသည် ယခုဇန်နဝါရီတွင် မန်ယူအသင်းမှထွက်ခွာဖွယ်ရှိနေသည့် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ခေါ်ယူလိုသည့်အသင်းများထဲတွင် ပါဝင်လာပြီး အငှားဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

စပါးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်တွင် (၄၂) ဂိုးအထိ သွင်းယူထားပြီး လီဗာပူးလ်အသင်း (၄၇ ဂိုး)ပြီးနောက် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။

သို့သော် စပါးနည်းပြ ပိုစကိုဂလူးသည် ယခုဇန်နဝါရီတွင် အသင်း၏တိုက်စစ်ပိုင်းကို အင်အားထပ်မံဖြည့်တင်းရန် အလိုရှိနေကြောင်း သိရှိရသည်။

ထို့ကြောင့် စပါးအသင်းသည် ယခုဇန်နဝါရီတွင် မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ရပ်ရှ်ဖို့ဒ်၏အခြေအနေကို စောင့်ကြည့်နေပြီး အငှားဖြင့်ခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်သည်။

သို့သော် စပါးအသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရပ်ရှ်ဖို့ဒ်အား အငှားဖြင့် ခေါ်ယူရန် ဒေါ့မွန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်နှင့် ဂါလာတာစာရေးအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

လက်ရှိတွင် အေစီမီလန်အသင်းက ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်အား ပေါင်သန်း(၄၀) ဖြင့် အပြီးသတ်ရောင်းထုတ်လိုနေသော်လည်း လက်ရှိတွင် အငှားခေါ်ယူမည့်အသင်းများသာ ရှိနေပြီး မန်ယူအသင်းအနေဖြင့် အငှားချပါက ၎င်း၏လစာတစ်စိတ်တစ်ပိုင်းကို ပေးချေရဖွယ်ရှိနေကြောင်း သိရသည်။ 

 


READ NEXT
Cancel OK