Top News

၂၀၂၆ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရရန် လုပ်နိုင်သည့်အရာအားလုံး လုပ်ဆောင်သွားမည်ဟု နေမာ ကြုံးဝါး
24htopnews | January 9, 2025 7:12 PM CST

ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရန်အတွက် လုပ်နိုင်သည့်အရာအားလုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။

နေမာအနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဘရာဇီးလ်အသင်းအတွက် ကစားစဉ် ဒူးဒဏ်ရာရရှိမှုကြောင့် တစ်နှစ်ဝန်းကျင် အနားယူခဲ့ရပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ပြန်လည်ကစားနိုင်သော်လည်း ဒဏ်ရာထပ်ရမှုကြောင့် နားနေရခြင်းဖြစ်သည်။

''ကျွန်တော် ကြိုးစားမှာပါ။ အဲဒီမှာ ကျွန်တော် ရှိချင်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းရဲ့အစိတ်အပိုင်းဖြစ်ဖို့ ကျွန်တော် တတ်နိုင်သလောက် အရာအားလုံး လုပ်ဆောင်ပါမယ်။ ဒီပြိုင်ပွဲက ကျွန်တော့်ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဆိုတာ သိပါတယ်။ ကျွန်တော် ပါဝင်ကစားဖို့ အစွမ်းကုန် ကြိုးပမ်းသွားပါမယ်''ဟု နေမာ(၃၂ နှစ်)က အမေရိကန်အခြေစိုက် CNN ရုပ်သံသို့ ပြောကြားခဲ့သည်။ 

နေမာသည် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၁၂၈)ပွဲကစားကာ (၇၉)ဂိုး သွင်းယူပေးထားသူဖြစ်သည်။

 


READ NEXT
Cancel OK