
အမေရိကန်တွင် သတင်းအချက်အလက်စိစစ်သောအစီအစဉ်ကို ရပ်ဆိုင်းတော့မည်ဆိုသည့် နည်းပညာကုမ္ပဏီကြီး Meta ၏ အံ့အားသင့်စရာကြေညာချက်က လုပ်ကြံသတင်းများ ပေါများလာစေရန် လမ်းဖွင့်ပေးလိုက်သည့် အန္တရာယ်ရှိနေကြောင်း ဇန်နဝါရီ ၇ ရက်တွင် မမှန်သတင်းသုတေသီများ၏ ပြင်းထန်းသောဝေဖန်မှုများ ပေါ်ပေါက်လာခဲ့သည်
Meta အမှုဆောင်ချုပ် မာ့ခ်ဇူကာဘတ်က ကုမ္ပဏီအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် ကြားက အချက်အလက်စစ်ဆေးသော အစီအစဉ်ကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့ရာ ယင်းမူဝါဒအပြောင်းအလဲသည် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် ကျေနပ်စေရန် ကြိုးပမ်းမှုဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။
“သတင်းတုတွေ၊ ထိခိုက်စေတဲ့ အကြောင်းအရာတွေ မြန်မြန်ဆန်ဆန် ပေါ်ပေါက်နေချိန်မှာ ဒါဟာ သတင်းအချက်အလက်ထိန်းချုပ်မှုအတွက် ကြီးကြီးမားမား အဟန့်အတားဖြစ်ပါတယ်” ဟု Centre for Information Resilience အန်ဂျီအိုကို ပူးတွဲတည်ထောင်သူ ရော့ဘာလေက ပြောကြားသည်။
အချက်အလက်စိစစ်မှုနှင့် သတင်းတု သုတေသနတို့သည် အယူဝါဒကွဲပြားနေသော အမေရိကန်နိုင်ငံရေးနယ်ပယ်တွင် ထိရှလွယ်သော ပြဿနာဖြစ်နေသည်မှာကြာပြီဖြစ်ပြီး ၎င်းတို့သည် လွတ်လပ်စွာပြောဆိုခွင့်ကို ထိန်းချုပ်ရန်နှင့် လက်ယာယိမ်းအကြောင်းအရာတို့ကို ဆင်ဆာလုပ်ရန် တန်ဆာပလာများဖြစ်သည်ဟု ရှေးရိုးဆန်သော အမေရိကန်ရှေ့နေများက ပြောသည်။
“အကာအကွယ်ပေးဖို့ကြိုးပမ်းတာဟာ အရေးပါတယ်ဆိုပေမယ့် ယုံကြည်ရလောက်တဲ့ အခြားရွေးစရာမရှိဘဲ အချက်အလက်စိစစ်တာကို ဖယ်ရှားတာဟာ ထိခိုက်နစ်နာစေတဲ့ပြောဆိုမှုတွေပိုများလာအောင် ဖွင့်ပေးလိုက်တဲ့ အန္တရာယ်ရှိနေပါတယ်” ဟု ဘာလေက ပြောသည်။
အခြားနည်းလမ်းတစ်ခုအဖြစ် Meta ၏ပလက်ဖောင်းများဖြစ်သော Facebook နှင့်အင်စဝာဂရမ်တို့သည် အမေရိကန်ပြည်ထောင်စုတွင် X နှင့်အလားတူသော Community Notes ကို အသုံးပြုမည်ဟု ဇူကာဘတ်က ပြောကြားခဲ့သည်။
Community Notes သည် crowd-sourced moderation tool ဖြစ်ပြီး အသုံးပြုသူတို့က ပို့စ်များတွင် အကြောင်းအရာတို့ကို ဖြည့်စွက်သည့်နည်းဖြစ်ကာ X က အသုံးပြုနေသည်။ သို့သော် သုတေသီများက သတင်းမှားတိုက်ဖျက်ရာတွင် crowd-sourced moderation ၏ထိရောက်မှုကို မေးခွန်းထုတ်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်