အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးတွင် ပြင်းထန်သည့် တောမီးလောင်ကျွမ်းမှုဖြစ်ပွား
24htopnews | January 9, 2025 5:12 PM CST

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးတွင် ဇန်နဝါရီ ၇ ရက်က ဆိုးရွားပြင်းထန်သည့်တောမီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး မီးသတ်သမားများက တောမီးကို ငြှိမ်းသတ်နေရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
တောမီးလောင်ကျွမ်းသည့် နေရာများသည် ဟောလီးဝုဒ်သရုပ်ဆောင်အများစု၏ နေအိမ်များရှိသည့် နေရာဖြစ်သည်။
ဒေသခံများသည် ၎င်းတို့၏ အိမ်များ၊ ကားများကို စွန့်ခွာပြီး လမ်းများပေါ်တွင် ခြေကျင်ထွက်ပြေးခဲ့ကြသည်။
မီးသတ်သမားများက လမ်းရှင်းရန်အတွက် လမ်းများပေါ်တွင်ရပ်ထားသည့် BMW ၊ Teslas နှင့် Mercedes ကားမားအပါအဝင် တန်ဖိုးကြီးသည့် ကားများကို ဘူဒိုဇာဖြင့်ထိုးပြီး ဖယ်ရှားခဲ့ကြသည်။
တောမီးသည် အလွန်လျှင်မြန်စွာလောင်ကျွမ်းခဲ့သဖြင့် ဒေသခံ ၃၀၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်ထားသည်။
Ref:AFP
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်