
ရီးယဲလ်မက်ဒရစ် နှင့် မာယော့ကာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဒီရာသီ လာလီဂါတွေ့ဆုံမှုကိုကြည့်ရင် ရီးယဲလ်မက်ဒရစ်က မာယော့ကာကို သရေပဲ ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိ (၂)သင်းအကြား ကွင်းတွင်းခြေစွမ်းကတော့ ကွာဟချက် ကြီးမားလွန်းပါတယ်။ အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ မာယော့ကာအသင်းအနေနဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ရင်ဆိုင်ရရင် သွင်းဂိုးတွေ အလွယ်တကူခွင့်ပြုလာရတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းတဲ့ပုံစံကို ပြလာပြီး (၄)ပွဲဆက် အနိုင်ရခဲ့တယ်။ ခံစစ်အားနည်းချက်တချို့ရှိပေမဲ့ ရီးယဲလ်မက်ဒရစ်ပဲ ဂိုးပြတ်နိုင်လိမ့်မယ်။ (၂) သင်းပေါင်းသွင်းဂိုးများနိုင်ပါတယ်။
ရှက်ဖီးယူနိုက်တက် နှင့် ကာဒစ်ဖ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
လိဂ်ချန်ပီယံရှစ်ကလပ် (၂)သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲ ဖြစ်ပေမဲ့ ရှက်ဖီးယူနိုက်တက်နဲ့ ကာဒစ်ဖ်က အတော်လေး ကွာခြားလွန်းပါတယ်။ အိမ်ကွင်းမှာ ရှက်ဖီးယူနိုက်တက် အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။
အဲဗာတန် နှင့် ပီတာဘရော့ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
အဲဗာတန်က လက်ရှိအချိန်အထိ တိုက်စစ်က ရုန်းကန်နေရဆဲပဲ။ ပီတာဘရော့ကလည်း လိဂ်ချန်ပီယံရှစ်မှာတောင် တန်းဆင်းဇုန်နား ရောက်နေတဲ့အသင်းပါ။ အဲဗာတန်နဲ့ ဂိုးအနည်းကို ကြိုက်တယ်။
ဖူလ်ဟမ် နှင့် ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ဖူလ်ဟမ်က ကစားပုံမဆိုးပေမဲ့ သရေပွဲတွေများနေတယ်။ ခံစစ်ကလည်း နောက်ပိုင်းပွဲတွေမှာ မပေးသင့်တဲ့ ဂိုးတွေပေးလာရတယ်။ နောက်ပိုင်းတွေ့ဆုံမှုတွေမှာ ဖူလ်ဟမ်နဲ့တွေ့တိုင်း ဝက်ဖို့ဒ်က အသာရတယ်ဆိုပေမဲ့ လက်ရှိအနေအထားအရတော့ ဝက်ဖို့ဒ်အတွက် မျှော်လင့်ချက်သိပ်မရှိပါဘူး။ ဖူလ်ဟမ် (၂-၀) လောက်နဲ့နိုင်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်