
မန်ယူအသင်းသည် ပရီးမီးယားလိဂ်၏ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်း (PSR) နှင့်ကိုက်ညီမှုရှိစေရန်အတွက် အသင်းအကယ်ဒမီထွက်ကစားသမားများဖြစ်သည့် ဂါနာချိုနှင့် မိန်နူးတို့ကို ရောင်းထုတ်ရန်စဉ်းစားနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
Daily Mail ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ် PSR စည်းမျဉ်းနှင့် ကို်က်ညီမှုရှိရန်ရုန်းကန်နေရပြီး ယင်းအချက်ကို ပြေလည်စေရန်အတွက် အသင်းကြယ်ပွင့်ကစားသမားများကို ရောင်းထုတ်ရန် စဉ်းစားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
အကယ်ဒမီ ထွက်ကစားသမားများကို ရောင်းချပါက အကျိုးအမြတ် (၁၀၀) ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ဂါနာချိုနှင့် မိန်နူးတို့၏ နှစ်ဦးပေါင်း တန်ဖိုးမှာ ပေါင်သန်း(၇၀) ရှိကြောင်း သိရသည်။ ဂါနာချိုနှင့် မိန်နူးတို့သည် မန် ယူအကယ်ဒမီထွက်ကစားသမားများ ဖြစ်ပြီး တန်ဟက်ဂ်လက်ထက် ထင်ပေါ်ကျော်ကြားလာသူများဖြစ်သည်။
၎င်းတို့ (၂)ဦးစလုံးသည် နည်းပြသစ် အာမိုရင်မ်လက်ထက်တွင် ၃-၄-၃ ကစားကွက်နှင့် အံဝင်ရန် ရုန်းကန်နေရကြောင်း သိရသည်။ မန်ယူအသင်းသည် PSR စည်းမျဉ်းနှင့်ကိုက်ညီရန် လစာများစွာပေးချေနေရသည့် ကက်စီမီရို၊ ရပ်ရှ်ဖို့ဒ်နှင့် အန်တိုနီတို့ကိုလည်း ယခုဇန်နဝါရီတွင် ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်