
တရုတ်နိုင်ငံ၏ ဝေးလံခေါင်သီသော တိဘက်ဒေသတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်က ထောင်နှင့်ချီသော ကယ်ဆယ်ရေးသမားများက အေးခဲနေသောရာသီဥတုအခြေအနေအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို လိုက်လံရှာဖွေနေကြသည်ဟု သိရသည်။
CCTV ရုပ်သံတွင် ထုတ်ပြန်သော ဗီဒီယိုမှတ်တမ်းများ၌ ကယ်ဆယ်ရေးလုပ်သားများသည် ပြိုကျနေသောအဆောက်အအုံများမှ ဒဏ်ရာရရှိသူများကို ဆွဲထုတ်ကယ်ဆယ်ကာ ဘေးကင်းသည့်နေရာများသို့ ပြောင်းရွှေ့ပေးနေပုံများကို တွေ့ရသည်။
နီပေါနှင့်ထိစပ်နေသော တရုတ်နယ်စပ်အနီး ဧဝရတ်တောင်၏ မြောက်ဘက်ပိုင် မိုင် ၅၀ အကွာရှိ တင်ဂရီကောင်တီကျေးလက်ဒေသတွင် ဇန်နဝါရီ ၇ ရက် နံနက်ခင်းအချိန်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၁၂၆ ဦးထက်မနည်းရှိပြီး လူ ၁၈၈ ဦးဒဏ်ရာရရှိခဲ့သည်။
နေအိမ် ၃၆၀၀ ကျော် ပြိုကျပြီး ဒေသခံ ၃၀၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားကာ ပိတ်မိနေသူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
“ကယ်ဆယ်ရေးသမားတွေက အပူချိန်ကျဆင်းမယ်လို့ ခန့်မှန်းထားတဲ့ အဲဒီဒေသမှာ သဘာဝဘေးသင့်ဒေသခံတွေအတွက် ယာယီတဲတွေ စီစဉ်ပေးဖို့ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေပါတယ်” ဟု ဆိုသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၄၈၀၀ တွင် တည်ရှိသော တင်ဂရီကောင်တီသည် လက်ရှိအချိန်၌ အပူချိန် အနုတ် ၁၁ ဒီဂရီဆဲလ်စီးယက်ရှိကြောင်း တရုတ်မိုးလေဝသဌာနက ဖော်ပြထားသည်။
မီးသတ်သမားများ၊ စစ်သားများ၊ ရဲအရာရှိများနှင့် ကျွမ်းကျင်ကယ်ဆယ်ရေးသမားများအပါအဝင် လူ ၁၂၀၀၀ ကျော်ကို စေလွှတ်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်