
ထိုင်ဝမ်က လက်ဆောင်ပေးပို့သည့် ၎င်း၏ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးအလုံးရေ ၁၅၀,၀၀၀ သည် ဆိုမာလီနိုင်ငံမှ ခွဲထွက်ခဲ့သည့် ဆိုမာလီလန်းဒေသသို့ ရောက်ရှိခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ယင်းသည် ထိုင်ဝမ်၏ အသစ်တဖန် ကပ်ရောဂါသံခင်းတမန်ခင်းတွန်းအားပေးလုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ထိုင်ဝမ်သည်တရုတ်ပြည်မကြီးအစိုးရ၏ ကန့်ကွက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများအတွင်းသို့ မဝင်ရောက်နိုင်သော်လည်း ၎င်းသည်နိုင်ငံတကာအသိုင်းအဝိုင်း၏ တာဝန်ယူစိတ်ရှိသောအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပြသရန်ရည်ရွယ်ထားသည့် “ထိုင်ဝမ်က ကူညီနိုင်သည်။ထိုင်ဝမ်ကကူညီ ပေးသည်”ဟုအစိုးရက အမည်ပေးထားသော အစီအစဉ်အရ ထိုင်ဝမ်သည် ကမ္ဘာတစ်ဝန်း လုံးသို့ သန်းနှင့်ချီသော နှာခေါင်းစည်းများနှင့် အခြားကုန်ပစ္စည်းများကို လှူဒါန်းမှုများပြု လုပ်နေသည်။
ထိုင်ဝမ်၏ Medigen ကာကွယ်ဆေးကုမ္ပဏီက ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများသည် ဇန်နဝါရီ ၃၀ ရက် ကဟာဂီဆာမြို့တော်သို့ ရောက်ရှိခဲ့ပြီး လေဆိပ်တွင် ဆိုမာလီလန်းကျန်းမာရေးဝန်ကြီး ဟက်ဆန် မိုဟာမက်အလီဂါဖတ်ဒီနှင့် ထိုင်ဝမ်သံအမတ်ကြီး အယ်လန်လူတို့ တွေ့ဆုံခဲ့ကြသည်။
“ထိုင်ဝမ်နဲ့ ဆိုမာလီလန်းတို့ကြား ဒီမိုကရေစီ တန်ဖိုးတွေနဲ့ လွတ်လပ်မှုတို့ကို မျှဝေတဲ့ အခြေခံသဘောတရားအရ ကျွန်တော်တို့ရဲ့ အစိုးရဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ပိုမိုအားကောင်းခိုင်မာလာစေဖို့ မရပ်မနားဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကို အတူပူးပေါင်းတိုက်ဖျက်ကာ ကမ္ဘာလုံးဆိုင်ရာ အခြေခံတန်ဖိုးတွေကို ကာကွယ်သွားမှာပါ”ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံပြောကြားခဲ့သည်။
ဆိုမာလီလန်းသည် ၁၉၉၁ ခုနှစ်က ဆိုမာလီနိုင်ငံမှ ခွဲထွက်လာခဲ့သော်လည်း ၎င်း၏ လွတ်လပ်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုမှုကို ကျယ်ကျယ်ပြန့်ပြန့် မရရှိခဲ့ပေ။ ဆိုမာလီနိုင်ငံသည် နှစ်ပေါင်း၃၀ ကြာပြည် တွင်းစစ်နှင့် ရုန်းကန်နေရသော်လည်းယင်း ဒေသသည် အလွန်ငြိမ်းချမ်းလျက်ရှိသည်။
ထိုင်ဝမ်နှင့် ဆိုမာလီလန်းတို့သည် ၂၀၂၀ ပြည့်နှစ်က ၎င်းတို့၏မြို့တော်များတွင် ကိုယ်စားလှယ်ရုံးခန်းများကို ဖွင့်လှစ်ခဲ့သည်။
ထိုင်ဝမ်သည် ၎င်းပိုင်နယ်မြေဖြစ်သည်ဟု အတည်ပြုပြောကြားထားသည့် တရုတ်နိုင်ငံနှင့် ဆိုမာလီနိုင်ငံတို့ကမူ ထိုင်ဝမ်နှင့်ဆိုမာလီလန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။အာဖရိကတွင် အက်စ်ဝါတီနီ နိုင်ငံငယ်လေးသာ ထိုင်ဝမ်နှင့်အပြည့်အဝ ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။
Medigen ကာကွယ်ဆေးသည် နိုင်ငံတကာ၏အသိအမှတ်ပြုမှုကို အကန့်အသတ်ဖြင့်သာ ရရှိသော်လည်း ထိုင်ဝမ်အစိုးရထံမှ အပြည့်အဝထောက်ပံ့မှုကိုုရရှိထားပြီး တရုတ်ပြည်မကြီးအစိုးရအနေဖြင့် ယင်းကာကွယ် ဆေးအား နိုင်ငံတကာမှ ဝယ်ယူမှုများကို အနှောင့်အယှက်ပေးနိုင်မှုအပေါ် စိုးရိမ်နေကြသည်။
ထိုင်ဝမ်တွင် ကပ်ရောဂါကူးစက်မှုကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ပြီး လူအများ စုက AtraZeneca၊BioNtech SE နှင့်Modernas တို့၏ ကာကွယ်ဆေးများ ထိုးနှံပြီးစီးကြပြီဖြစ်သော်လည်း သမ္မတ ဆန်အင်းဝမ် အပါအဝင် အကြီးတန်း တာဝန်ရှိသူအချို့က Medigen ကာကွယ်ဆေးအပေါ် ၎င်းတို့၏ယုံ ကြည်ချက်ကိုပြသသည့်အနေဖြင့် ယင်းကာ ကွယ်ဆေးထိုးနှံခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်