Top News

လိဂ်ဖလား ဆီမီးဖိုင်နယ် (ပထမအကျော့) ပွဲကြိုသုံးသပ်ချက်
24htopnews | January 8, 2025 9:12 PM CST

■ စပါး နှင့် လီဗာပူးလ်

မကြာသေးခင်က စပါးကွင်းမှာတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းက ဂိုးပြတ်အနိုင်ယူထားခဲ့တယ်။ လက်ရှိအခြေအနေမှာလည်း ဒီနှစ်သင်းအကြား စိတ်ဓာတ်ပိုင်း အတော်ကွာခြားပါတယ်။ စပါးအသင်းက နောက်တန်းနဲ့ ဂိုးသမားပိုင်းမှာ ဒဏ်ရာပြဿနာတွေ ကြုံနေလို့ ရလဒ်ဆိုးသွားခဲ့တာလို့တောင် ပြောနိုင်တယ်။ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးရဲ့ အနာဂတ်က အတော်လေး လှုပ်ခတ်နေပြီး ဖလားလက်မဲ့ ရာသီဆိုးတွေကို အဆုံးသတ်ဖို့ လက်တစ်ကမ်းအကွာကို ရောက်နေလို့ အိမ်ကွင်းမှာ လူစုံထုတ်ကစားမှာတော့ သေချာတယ်။ ခြေစွမ်းပိုင်းအရ လီဗာပူးလ်အသင်း အဖက်ဖက်က သာနေပေမဲ့ အဝေးကွင်းမှာ အရန်ကစားသမားတချို့ အသုံးပြုလာနိုင်တာ သတိပြုရမယ်။ လီဗာပူးလ် ဂိုးမပြတ်လောက်တော့လို့ စပါးအသင်းပဲ ရွေးချယ်ချင်တယ်။

- စပါးအသင်းသည် နောက်ဆုံးကစားထားသည့် ပြိုင်ပွဲစုံ (၁၁)ပွဲတွင် မန်ယူကို အနိုင်ရသည့် ကွာတားဖိုင်နယ်ပွဲအပါအဝင် နှစ်ပွဲသာ အနိုင်ရပြီး  (၄)ပွဲသရေ၊ (၅)ပွဲရှုံးခဲ့သည်။

- လီဗာပူးလ်အသင်းသည် ယခုရာသီ အဝေးကွင်းရှုံးပွဲ မရှိသေးဘဲ (၁၂)ပွဲအထိ အနိုင်ရကာ (၂)ပွဲ သရေကျခဲ့သည်။


READ NEXT
Cancel OK