
လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် အမေရိကန်ဘီလျံနာ အီလွန်မက်ခ်သည် ဘွားအေဖြစ်သူ လီဗာပူးလ်တွင် ကြီးပွားခဲ့ခြင်းကြောင့် လီဗာပူးလ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း ၎င်း၏ဖခင်ဖြစ်သူ အာရိုးလ်မက်ခ်က အတည်ပြုပြောကြားခဲ့သည်။
ဒေါ်လာ (၄၁၈) ဘီလီယံ ချမ်းသာကြွယ်ဝသည့် အီလွန် မက်ခ်သည် ဇန်နဝါရီ (၂၀)ရက်တွင် အမေရိကန်သမ္မတရာထူးကို ရယူမည့် သမ္မတလောင်း ဒေါ်နယ်ထရန့်၏ညာလက်ရုံးလည်းဖြစ်သည်။ ယခုအခါ Telsa၊ SpaceX နှင့် X ပိုင်ရှင် အီလွန်မက်ခ်သည် ဘောလုံးကိုမျက်စိကျလာပြီး လီဗာပူးလ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်သည်။
လန်ဒန်တွင် Times Radio နှင့့်ပြုလုပ်သည့် အင်တာဗျူးတွင် သတင်းထောက်က အီလွန်မက်ခ်အနေဖြင့် လီဗာပူးလ်အသင်းကို ဝယ်ယူရန်စိတ်ဝင်စားနေသလားဟု မေးမြန်းခဲ့ရာ အီလွန်မက်ခ်၏ဖခင် အာရိုးလ်မက်ခ်က "အဲဒီအတွက် ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး။ သူတို့(လီဗာပူးလ် အသင်းပိုင်ရှင်) စျေးမြှင့်ကြလိမ့်မယ်"ဟု ရယ်ရင်း ပြန်ဖြေခဲ့သည်။ သတင်းထောက်က အတင်းဆက်မေးခဲ့ရာ အာရိုးလ်မက်ခ်က "ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါက သူ လီဗာပူးလ်ကိုဝယ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူ ဝယ်ချင်လိမ့်မယ်။ လီဗာပူးလ်ကို လူတိုင်းဝယ်ချင်မှာပါ။ ကျွန်တော်ရောပဲ ဝယ်ချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
အီလွန်မက်ခ်အနေဖြင့် လီဗာပူးလ်ကို ဝယ်ယူရန်ဘာကြောင့် စိတ်ဝင်စားသလဲဟု မေးမြန်းခဲ့ရာ အာရိုးလ်မက်ခ်က "သူ့အဖွားက လီဗာပူးလ်မှာ မွေးတာပါ။ လီဗာပူးလ်မှာ ကျွန်တော်တို့ဆွေမျိုးတွေ ရှိပါတယ်။ Beatles က ကျွန်တော်တို့ ဆွေမျိုးတွေနဲ့ ကြီးပြင်းခဲ့ပြီး သူတို့အကြောင်း သိခွင့်ရတာလည်း ကံကောင်းပါတယ်။ ဒီတော့ လီဗာပူးလ်ကို ကျွန်တော်တို့ သံယောဇဉ်ရှိပါတယ်"ဟု ဆိုခဲ့သည်။ အီလွန်မက်ခ်က ၂၀၁၁ ခုနှစ် အသက် (၈၇)နှစ်တွင် ကွယ်လွန်ခဲ့သည့် ၎င်း၏အဖွားသည် သူ့အတွက် အရေးပါသူဖြစ်ကြောင်း ဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်