
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂက်ပို သွင်းယူထားတဲ့ ၅ ဂိုးထဲမှာ ၃ ဂိုးက လီဗာပူးလ်အသင်း (၀-၁) ဂိုးနဲ့ ရှုံးနိမ့်နေတဲ့အချိန်တွေမှာ သွင်းယူခဲ့တာပါ။ အဲဒီချေပဂိုးတွေက လီဗာပူးလ်အတွက် အသက်ဖြစ်ခဲ့ပြီး အဲဒီဂိုးတွေကြောင့် အမှတ်တွေရ၊ နိုင်ပွဲတွေ ရခဲ့တာ ဖြစ်ပါတယ်။ Boxing Day က လက်စတာနဲ့ပွဲ၊ ဖူလ်ဟမ်နဲ့ ဘရိုက်တန်တို့ကို (၀-၁) ဂိုးတွေနဲ့ ရှုံးနိမ့်နေချိန်မှာ ဂက်ပို သွင်းယူခဲ့တဲ့ ချေပဂိုးတွေက အရမ်းကို အရေးပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်ချန်ပီယံလုဖက် မန်စီးတီးနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂက်ပိုရဲ့ အဖွင့်ဂိုးနဲ့ ရီးယဲလ်မက်ဒရစ်ကို (၂-၀) ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂက်ပိုရဲ့ ဒုတိယအနိုင်ဂိုးတွေကလည်း အရမ်းကို အရေးကြီပါတယ်။ ဒါ့ပြင် ဂက်ပိုက လိဂ်ဖလား Carabao Cup မှာလည်း လီဗာပူးလ်အတွက် (၄) ဂိုးအထိ သွင်းပေးထားတာပါ။ အဲဒီအရာတွေအားလုံးထက် ပိုတာက ပွဲအတွင်း ဂက်ပိုရဲ့ စွမ်းဆောင်မှုပါပဲ။ ဂက်ပိုက ဒီရာသီမှာ လီဗာပူးလ်အတွက် Open-play ကနေ ဂိုးပေါက်ကန်သွင်းမှုနဲ့ အခွင့်အရေးဖန်တီးမှုအပိုင်းမှာ ထိပ်ဆုံးမှာ ရှိနေတာပါ။ အဲဒီအပိုင်းမှာ အရမ်းကောင်းပါတယ်ဆိုတဲ့ ဆာလာတောင် ဂက်ပိုကို မယှဉ်နိုင်ပါဘူး။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်