
ဘာစီလိုနာတိုက်စစ်မှူး ဂရီးဇ်မန်းက အသင်းဖော် မက်ဆီအား အသင်းတွင် ဆက်ရှိနေရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
အသက် (၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် သြဂုတ်လ (၂၅)ရက်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းမှထွက်ခွာလိုသည်ဟု ဘာစီလိုနာအသင်းထံသို့ Fax ပို့ကာ တောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူနှင့် မက်ဆီ၏ အေဂျင့်နှင့် ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီတို့သည် မက်ဆီ၏အနာဂတ်နှင့်ပတ်သက်ပြီး စက်တင်ဘာ (၂)ရက်တွင် ဆွေးနွေးခဲ့ကြသည်။
သို့သော် အဆိုပါဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရရှိဘဲ ပြီးဆုံးခဲ့ပြီး ယင်းနောက်တွင် မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းတွင် ဆက်ကစားရန် ပြန်လည်စဉ်းစားနေသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဂရီးဇ်မန်းကမူ မိမိတို့အနေဖြင့် မက်ဆီအား ဘာစီလိုနာအသင်းတွင် ဆက်ရှိနေရန် အလိုရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"မက်ဆီရဲ့ သတင်းတွေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဒါဟာ ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ရဲ့ ပြဿနာဖြစ်ပြီး ကျွန်တော်တို့ကတော့ သူ့ကို အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းတွင် တစ်ရာသီဆက်ကစားမည်ဟု ဖော်ပြနေကြသော်လည်း မက်ဆီ၏ အေးဂျင့်နှင့် ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီက မက်ဆီနှင့် ဘာစီလိုနာအသင်း ချုပ်ဆိုထားသည့် လျော်ကြေးစာချုပ်မှာ သက်တမ်းကုန်ဆုံးသွားပြီဟု စက်တင်ဘာ(၄)ရက်တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ဟော်ဟဲမက်ဆီ၏ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် လာလီဂါအဖွဲ့ချုပ်က ဘာစီလိုနာနှင့် မက်ဆီတို့ ချုပ်ဆိုထားသည့် လျော်ကြေးစာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်အထိ အကျုံးဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်