
ပွဲကောင်းတွေနဲ့ စဖွင့်မယ့် UEFA Nations League
ဂျာမနီ နှင့် စပိန် (၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
ဂျာမနီနဲ့ စပိန်က ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ နည်းနည်းကျဆင်းလာတယ်။ နှစ်သင်းစလုံးက ဥရောပထိပ်တန်းအသင်းတွေမှာ ကစားနေသူတွေနဲ့ စုဖွဲ့ထားပြီး လူငယ်ကြယ်ပွင့်တွေ၊ အတွေ့အကြုံရင့်ကစားသမားတွေပါဝင်နေတာလည်း တွေ့ရတယ်။ ခံစစ်မှာ စပိန်က ပိုအားကောင်းပြီး ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာတော့ လူအင်အားချင်းမျှတယ်။ ဒါပေမဲ့ ဒီ (၂)နှစ်၊ (၃)နှစ်အတွင်းမှာ ဂျာမန်ကလပ်၊ ဂျာမန်နည်းပြ၊ ဂျာမန်ကစားသမားတွေရဲ့ ယုံကြည်မှုက အရမ်းမြင့်တက်လာတာတွေ့ရပြီး၊ စပိန်တွေက တဖြည်းဖြည်းကျဆင်းလာတယ်။ အကြီးမားဆုံးပြောင်းလဲမှုကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုစာလောက်က ဂျာမနီ-စပိန်ပွဲဆိုရင် ဘိုင်ယန်မြူးနစ်-ဘာစီလိုနာ အခြေပြုကစားသမားတွေရဲ့ အားပြိုင်ပွဲဖြစ်ပြီး အခုဒီပွဲမှာတော့ ဂျာမနီမှာ ဘိုင်ယန်မြူးနစ်ကစားသမားတွေ သိပ်မပါသလို၊ စပိန်မှာလည်း ဘာစီလိုနာကစားသမား (၂)ဦးပဲပါတော့တယ်။ Nations League ဖြစ်နေလို့ လူငယ်တွေကို ပိုနေရာပေးတာလည်းတွေ့ရတယ်။ ဂျာမနီမှာ ပထမဆုံး ရွေးချယ်ခံရသူသူ (၃)ဦးပါလာပြီး စပိန်မှာ (၈)ဦးတောင် ပါလာတယ်။ ဂျာမနီက အိမ်ကွင်းအဖြစ်ကစားရမှာဖြစ်ပေမယ့် ကွင်းပိတ်ပဲ ကစားမှာပါ။ ဒါပေမဲ့ ခြေစွမ်းပိုင်းအရရော၊ လူစာရင်းအရပါ စဉ်းစားရင် ဂျာမနီကို ပိုကြိုက်ပါတယ်။
ယူကရိန်း နှင့် ဆွစ်ဇာလန် (၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
စပိန်၊ ဂျာမနီတို့နဲ့ အတူ Group-A ရဲ့ မရဏအုပ်စုမှာ ပါဝင်နေတဲ့အသင်းတွေဖြစ်တယ်။ နှစ်သင်းစလုံးက ယူရို-၂၀၂၀ ခြေစစ်ပွဲတွေမှာ ခြေစွမ်းပြခဲ့ကြပြီး လတ်တလောရလဒ်တွေကလည်း အားရစရာကောင်းပါတယ်။ ယူကရိန်းက ခံစစ်မာကျောပြီး တန်ပြန်တိုက်စစ် ကောင်းကောင်းကစားနိုင်သလို၊ ဆွစ်ဇာလန်ကလည်း အသင်းလိုက်ဟန်ချက်ညီပြီး တိုက်စစ်ကစားပုံကောင်းတဲ့အသင်းဖြစ်တယ်။ နှစ်သင်းစလုံးမှာ ထိပ်တန်းကစားသမားတွေ အများကြီးပါဝင်နေပြီး လက်ရှိအနေအထားအရလည်း သိပ်မကွာဘူး။ ယူကရိန်းကို ပိုကြိုက်ပေမယ့် သရေလည်း ဖြစ်သွားနိုင်တယ်။
ရုရှား နှင့် ဆားဘီးယား (၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
Group B-3 မှာ တူရကီ၊ ဟန်ဂေရီတို့နဲ့အတူ ကျရောက်နေပြီး အုပ်စုကျပ်ပါတယ်။ ဒါပေမဲ့ ရုရှားက ပိုကောင်းပြီး ယူရို- ၂၀၂၀ မှာလည်း ခြေစစ်ပွဲအောင်ခဲ့တယ်။ ခြေစစ်ပွဲမှာ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘယ်လ်ဂျီယံကို ယှဉ်မကစားနိုင်ခဲ့တာကလွဲရင် နိုင်သင့်တဲ့အသင်းတွေကို အနိုင်ကစားခဲ့တဲ့အသင်းဖြစ်ပြီး ၀ါရင့်ကစားသမားတွေနဲ့ ဥရောပအဆင့်ကစားနေကျကစားသမားတွေ စုဖွဲ့ထားတယ်။ ဆားဘီးယားကတော့ ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေကြသူတွေဖြစ်ပြီး လူအင်အားက ထိပ်တန်းအဆင့်ပါ။ ဒါပေမဲ့ စုဖွဲ့မှုအပိုင်းမှာ ရုရှားကို မမီဘူး။ ရုရှားကို ပိုကြိုက်ပါတယ်။
ဘူလ်ဂေးရီးယား နှင့် အိုင်ယာလန် (၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
အိုင်ယာလန်က ပရီးမီးယားလိဂ်နဲ့ လိဂ်ချန်ပီယံရှစ်က ကစားသမားတွေ စုစည်းထားတဲ့အသင်းဖြစ်ပြီး အသင်းလူစာရင်းက အားရစရာကောင်းတယ်။ ခံစစ်မှာ စပါးကစားသမားဖြစ်လာတဲ့ ဒိုဟာတီအပြင် ကိုးလ်မန်း၊ ဒပ်ဖီ၊ အီဂန်တို့လို ကစားသမားတွေရှိပြီး ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာလည်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတယ်။ ဘူလ်ဂေးရီးယားကတော့ ပြည်တွင်းထိပ်တန်းကလပ်တွေက ကစားသမားတွေ စုစည်းထားတဲ့အသင်းဖြစ်ပြီး စုဖွဲ့မှု မဆိုးပါဘူး။ ဒါပေမဲ့ အိုင်ယာလန်ရဲ့ စုစည်းမှု၊ တောင့်တင်းမှုကို မယှဉ်နိုင်ဘူးလို့ ယူဆရတယ်။ အိုင်ယာလန်ပဲ ရလဒ်ကောင်းလိမ့်မယ်။
ဖင်လန် နှင့် ဝေးလ်စ် (၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
ဖင်လန်က တီမူးပွတ်ကီ ဦးဆောင်လာမယ့်အသင်းပါ။ ကစားသမားကောင်း တချို့လည်း ရှိတယ်။ ဒါပေမဲ့ ဝေးလ်စ်ရဲ့လူစာရင်းက ထိပ်တန်းအဆင့်နီးပါးရှိပြီး ဘင်ဒေးဗီးစ်၊ ရမ်ဆေး၊ ဟာရီဝီလ်ဆင်၊ အမ်ပါဒူတို့လို ကစားသမားကောင်းတွေရှိသလို၊ ရီးယဲလ်မှာ နေရာမရဖြစ်နေတဲ့ ဂါရတ်ဘေးလ်ကိုပါ အသင်းနည်းပြ ရိုင်ယန်ဂစ်က ရွေးချယ်ထားတယ်။ Nations League ပြိုင်ပွဲရဲ့ အုပ်စု B-4 မှာ ဝေးလ်စ်က အားအကောင်းဆုံးအသင်းဖြစ်ပြီး အုပ်စုဗိုလ်ဖြစ်လာဖို့လည်း ရေပန်းစားပါတယ်။ ဒီပွဲမှာလည်း ဖင်လန်ကွင်းဆိုပေမယ့် ဝေးလ်စ်ကိုပဲ ကြိုက်တယ်။ ဝေးလ်စ် သရေနဲ့ အနိုင်ပါပဲ။
တူရကီ နှင့် ဟန်ဂေရီ (၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
Group B-3 မှာ ပါဝင်နေပြီး ဒီအုပ်စုမှာပါဝင်တဲ့ အသင်းတွေက အင်အားချင်းသိပ်မကွာပါဘူး။ ရုရှား၊ ဆားဘီးယားတို့က အားကောင်းသလို၊ တူရကီနဲ့ ဟန်ဂေရီတို့ကလည်း လျှော့တွက် လို့မရတဲ့အသင်းတွေဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ တူရကီရဲ့ရလဒ်နဲ့ ခြေစွမ်းက အားရစရာကောင်းသလို၊ ချာဟာနိုဂလူး၊ ယီလ်မက်ဇ်၊ ဆိုယွန်ဂျူတို့ ဦးဆောင်တဲ့ လူအင်အားကလည်း အားရစရာဖြစ်တယ်။ တူရကီ နိုင်ပွဲရလိမ့်မယ်။
မော်လ်ဒိုဗာ နှင့် ကိုဆိုဗို (၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
မော်လ်ဒိုဗာက အိမ်ကွင်းပွဲတွေမှာ အသင်းလတ်တွေကို ခံကစားလေ့ရှိပေမယ့် ကိုဆိုဗိုကို ယှဉ်ကစားနိုင်မှာမဟုတ်ဘူး။ ဒီအုပ်စုမှာလည်း မော်လ်ဒိုဗာက အင်အားအနည်းဆုံးပါ။ ကိုဆိုဗိုက အသင်းတည်ဆောက်တာ မကြာသေးပေမယ့် လေးစားလောက်စရာအသင်းမျိုးဖြစ်ပြီး ကစားသမားအင်အားလည်း တောင့်တင်းတယ်။ လက်ရှိ ရလဒ်ပိုင်းချင်းယှဉ်ရင်လည်း ကိုဆိုဗိုက အများကြီးသာပါတယ်။ မော်လ်ဒိုဗာကွင်းမှာ ကစားရမယ့် ပွဲဆိုပေမယ့် ကိုဆိုဗိုပဲ အနိုင်ရပါလိမ့်မယ်။
ဆလိုဗေးနီးယား နှင့် ဂရိ (၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
ယူရို-၂၀၂၀ ခြေစစ်ပွဲတွေမှာ နှစ်သင်းစလုံးက လေးစားစရာရလဒ်ပိုင်းတွေ ရယူနိုင်ခဲ့တဲ့အသင်းတွေပါ။ ဆလိုဗေးနီးယားက အက်သလက်တီကိုဂိုးသမား အိုဘလက်ခ် ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ခံစစ်လည်း မဆိုးဘူး။ ဒါပေမဲ့ ဂရိရဲ့လူစာရင်းက အနည်းငယ်သာပါတယ်။ သရေပဲကျဖို့များတယ်။
ဖာရိုးကျွန်းစုများ နှင့် မော်လ်တာ (၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
မော်လ်တာက နည်းနည်းသာပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲတုန်းကတော့ ဖာရိုးအသင်းက အနိုင်ရခဲ့တယ်။ လက်ရှိ ခြေစွမ်းနဲ့ ရလဒ်ပိုင်းကတော့ အချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲကလွဲရင် ရှုံးပွဲကြုံလေ့ရှိတဲ့အသင်းတွေပါ။ ဒီပွဲလည်း ခြေစွမ်းသိပ်မကွာဘဲ သရေကျဖို့များတယ်။
လတ်ဗီးယား နှင့် အန်ဒိုရာ (၃-၉-၂၀၂၀ ည ၁၀:၃၀ နာရီ)
ဥရောပရဲ့အားအနည်းဆုံးအသင်းတွေထဲက နှစ်သင်းဖြစ်ပြီး လက်ရှိခြေစွမ်းအရဆိုရင် အန်ဒိုရာက နည်းနည်းလေးပို အားကောင်းနေတယ်။ အသင်းကြီးတွေကို ခံကစားနိုင်စွမ်းအရ ကြည့်ရင်လည်း အန်ဒိုရာက ဂိုးပြတ်မရှုံးအောင် ကစားနိုင်တဲ့အသင်းမျိုးပါ။ ဒီပွဲမှာလည်း ခံစစ်ပိုကောင်းတဲ့ အန်ဒိုရာကို ပိုကြိုက်ပြီး သရေနဲ့ အနိုင်ပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်