
အာဆင်နယ်အသင်းသည် ဘရာဇီးလ်ယူ-၂၀ ကစားသမားဟောင်း ဂါဘရီယဲလ်အား လိုင်လီအသင်းထံမှပြောင်းရွှေ့ကြေး ပေါင် (၂၇) သန်းဖြင့် ခေါ်ယူခဲ့ပြီး ၎င်းအားနှစ်ရှည် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့သည်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက လိုင်လီအသင်းမှရောက်ရှိလာသော ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ် (၂၂ နှစ်)အား အရည်အသွေးရှိ နောက်ခံလူတစ်ဦးဟု ချီးကျူးခဲ့ပြီး ၎င်းရောက်ရှိလာခြင်းကြောင့် မိမိတို့အာဆင်နယ်အသင်းနောက်တန်းမှာ တောင့်တင်းလာပြီဟုပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ဘရာဇီးလ်ယူ-၂၀ ကစားသမားဟောင်း ဂါဘရီယဲလ်အား လိုင်လီအသင်းထံမှပြောင်းရွှေ့ကြေး ပေါင် (၂၇) သန်းဖြင့် ခေါ်ယူခဲ့ပြီး ၎င်းအားနှစ်ရှည် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့သည်။
ဂါဘရီယဲလ်သည် ယခုနွေရာသီအတွင်း အာဆင်နယ်အသင်း စာချုပ်ခေါ်ယူခဲ့သည့် (၄)ယောက် မြောက်ကစားသမားဖြစ်လာပြီး၊ သူ့အရင်က စပိန်နောက်ခံလူ ပါဘလိုမာရီနှင့်ပေါ်တူဂီနောက်ခံလူ စီဒရစ်တို့(အငှားခေါ်ယူထားသူများ)ကို အပြီးသတ်စာချုပ်ကာချယ်လ်ဆီး နှင့်လမ်းခွဲခဲ့သောဘရာဇီးလ်ကွင်း လယ်လူဝီလီယံကို အလွတ်ခေါ်ယူခဲ့သည်။
လက်ရှိတွင် အာဆင်နယ်၌ဘရာဇီးလ်ကစားသမား(၄)ဦး(မာတင်နယ်လီ၊ ဝီလီယံ၊ ဒေးဗစ်လူးဝစ်ဇ်၊ ဂါဘရီယဲလ်) အထိရှိလာခဲ့ပြီဖြစ်ရာ နောက်ခံလူဒေးဗစ်လူးဝစ်ဇ်က အာဆင်နယ်အသင်းတွင် ဘရာဇီးလ်မိသားစု ကြီးထွားလာခဲ့ပြီဟု Arsenal Digital TV မှထုတ်လွှင့်သော Group Chatting အစီအစဉ်တွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်