
မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀)ဖြင့် ပြောင်းရွှေ့ခဲ့သော ဒတ်ချ်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်သည် အေဂျက်စ်အကယ်ဒမီမှ အသင်းဖော်ဟောင်း နူရီအား ရည်ရွယ်၍ မန်ယူအသင်းတွင် ကျောနံပါတ် (၃၄)ဝတ်ဆင်ကစားသွားမည် ဖြစ်ကြောင်း သိရှိရသည်။
နူရီသည် ၂၀၁၇ ဇူလိုင်လအတွင်းက အေဂျက်စ်နှင့် ၀ါဒါဘရီမင်တို့ ကစားခဲ့သော ခြေစမ်းပွဲတွင် နှလုံးရောဂါကြောင့် လဲကျသွားခဲ့ပြီး သတိမေ့မြောသွားခဲ့သည်။
ထို့နောက် ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်သွားခဲ့ရာ ဘောလုံးမကစားနိုင်တော့ဘဲ အနားယူခဲ့ရသည်။
နူရီ၏ အေဂျက်စ် အကယ်ဒမီအသင်းဖော်ဟောင်းများဖြစ်သည့် ယပ်စတင်ကလွိုက်ဗတ်၊ ဖီးလစ်ဆန်ဒလာ၊ အာမင်ယူနွတ်၊ ကယ်လ်ဗင်ဒိုက်၊ ဂျိုယဲလ်ဗဲ့လ်မန်း အစရှိသည့် ကစားသမားများမှာ ၎င်းတို့၏ ကလပ်အသင်းသစ်များတွင် နူရီဝတ်ဆင်ခဲ့သည့် ကျောနံပါတ် (၃၄) အကျႌကို ဝတ်ဆင်ပြီး ၎င်းင်းအား စာနာမှုနှင့် အမှတ်တရရှိမှုကို ပြသခဲ့ ကြသည်။
သို့ဖြစ်ရာ နူရီ၏ အသင်းဖော်ဟောင်းတစ်ဦးဖြစ်သူ ဗန်ဒယ်ဘိခ်ကလည်း ယင်းကစားသမားများအတိုင်း မန်ယူအသင်းတွင် ယင်းနံပါတ်ကိုတောင်းဆိုကာ ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။
ဗန်ဒယ်ဘိခ်သည် အေဂျက်စ်အသင်းတွင် ကျောနံပါတ် (၆)အကျႌကို ဝတ်ဆင်သူဖြစ်ပြီး မန်ယူအသင်းတွင် ယင်းနံပါတ်ကို လက်ရှိအသင်း၏ကြေးအကြီးဆုံးကစားသမားဖြစ်သည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ဝတ်ဆင်ကစားလျက်ရှိကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်