
မြောက်ကိုရီးယား၏ပစိဖိတ်ပြိုင်ဘက်များကို ဟန့်တားရန်ရည်ရွယ်၍ ယခုသီတင်းပတ်ထဲတွင် ဟိုက်ပါဆောနစ်ဒုံးကျည်သစ်ကို စမ်းသပ်ခဲ့သည်ဟု ခေါင်းဆောင်ကင်ဂျုံအွန်က ပြောကြားကြောင်း ဇန်နဝါရီ ၇ ရက်တွင် နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားကိုဆွယ်ရန် ယခင်ကကြိုးစားခဲ့သော ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် ကျမ်းမကျိန်မီ နှစ်ပတ်အလို၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် တောင်ကိုရီးယားကိုရောက်ရှိ လာခဲ့ချိန်တွင် အဆိုပါဒုံးကျည်သစ်ကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
“ဟိုက်ပါဆောနစ် ဒုံးကျည်စနစ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့လုံခြုံရေးကို သက်ရောက်စေနိုင်တဲ့ ပစိဖိတ်ဒေသက ပြိုင်ဘက်မှန်သမျှကို စိတ်ချလက်ချထိန်းချုပ်ပါလိမ့်မယ်”ဟု စမ်းသပ်မှုကို ကွပ်ကဲခဲ့သောကင်က ပြောကြားကြောင်း မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာန KCNA က ဇန်နဝါရီ ၇ ရက်တွင် ဖော်ပြခဲ့သည်။
ဒုံးကျည်အင်ဂျင်တွင် ကာဗွန်ဖိုင်ဘာဒြပ်ပေါင်းသစ်ကို အသုံးပြုထားသည်ဟု KCNA ကဖော်ပြခဲ့သည်။ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်တို့သာပိုင်ဆိုင်ထားသောနည်းပညာဖြင့်မြောက်ကို ရီးယားက နောက်ထပ်ပစ်မှတ်များကို ပစ်ခတ်နိုင်သည့်အနေအထားဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
ပစ်လွှတ်စမ်းသပ်ရာတွင် ဒုံးကျည်ပျံသန်းမှု၊ လမ်းညွှန်ထိန်းချုပ်စနစ်တို့အတွက်ပြည့်စုံထိရောက်သော နည်းသစ်ကိုလည်း အသုံးပြုထားသည်ဟု ဆိုသည်။
တောင်ကိုရီးယားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ရောက်ရှိနေချိန်တွင် မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ရုရှားနှင့်မြောက်ကိုရီးယားအကြား ခေတ်မီအာကာသနည်းပညာနှင့်ပတ်သက်ပြီး ဆက်ဆံရေးများနီးကပ်နေကြောင်း ဘလင်ကင်က သတိပေးခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို၏ အောင်မြင်ခြင်းမရှိသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသူများက ယွန်းကိုဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းနေချိန်တွင် ဘလင်ကင်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဟိုက်ပါဆောနစ်ဒုံးကျည်သစ်ကို ပစ်လွှတ်စမ်းသပ်မှုသည် နိုဝင်ဘာနောက်ပိုုင်းမြောက်ကိုရီးယား၏ပထမဆုံး ပစ်လွှတ်မှုဖြစ်ပြီး အဆင့်အမြင့်ဆုံး၊ အားအကောင်းဆုံးလောင်စာခဲသုံးတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၆ ရက်တွင် ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် တောင်ကိုရီးယားစစ်တပ်ကပြောသည့် ကီလိုမီတာ ၁,၁၀၀ ဆိုသော အကွာအဝေးထက်ကျော်လွန်ပြီး ကီလိုမီတာ ၁,၅၀၀(မိုင် ၉၃၀)အထိပျံသွားခဲ့ပြီး အသံ၏ မြန်နှုန်းထက် ၁၂ ဆမြန်သည့် နှုန်းဖြင့်ပျံသန်းသွားကာ သမုဒ္ဒရာထဲသို့ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။
“ဒါဟာ ထိုးစစ်အတွက်မဟုတ်ဘဲ မိမိဘာသာကာကွယ်ရေးအတွက် အစီအမံတစ်ခု၊ ကြိုးပမ်းမှုတစ်ခုဖြစ်တာ ရှင်းနေပါတယ်”ဟု ကင်က ပြောကြားခဲ့ပြီး ဒုံးကျည်၏စွမ်း ဆောင်ရည်ကို ကမ္ဘာတစ်ဝန်းတွင် လျစ်လျူရှု ၍မရနိုင်ဟုဆိုသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်