
အမေရိကန်အလယ်ပိုင်းနှင့်အရှေ့ပိုင်းတို့၏ ကျယ်ပြန့်သောဒေသကြီးများကိုနှင်းများ၊ ရေခဲများဖြင့် ဖုံးလွှမ်းစေခဲ့ပြီး လူသန်းပေါင်းများစွာကို ခရီးသွားလာမှု အနှောင့်အယှက်ပေးခဲ့ကာ အနည်းဆုံးလူငါးဦးသေ ဆုံးစေခဲ့သာ နှင်းမုန်တိုင်းကြီးသည် ဇန်နဝါ ရီ ၆ ရက်ညပိုင်းတွင် ကမ်းလွန်ကို ဦးတည်သွားခဲ့သည်ဟု မိုးလေဝသခန့်မှန်းသူများက ပြောကြားခဲ့သည်။
ဆောင်းမုန်တိုင်းကျနေဆဲအချိန် ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်လေကြောင်း ခရီးစဉ် ၂,၃၀၀ ကျော်ကို ပယ်ဖျက်ခဲ့ရသည်ဟု လေကြောင်းခရီးစဉ်များကို စောင့်ကြည့်သော Flight Aware ဝက်ဆိုက်က ဖော်ပြခဲ့ သည်။ ဇန်နဝါရီ ၅ ရက်တွင်အလားတူ လေကြောင်းသွားလာမှုအခက်အခဲများကို ပိုဆိုးစေခဲ့သည်ဟုဆိုသည်။
ဇန်နဝါရီ ၆ ရက်ညတွင် အလွန်အေးသော အပူချိန်များဖြစ်ပေါ်ခဲ့ချိန်တွင် မစ်ဆို ရီပြည်နယ်မှဗာဂျီးနီးယားပြည်နယ်အထိ ဓာတ်အားအသုံးပြုသူ ၂၀၀,၀၀၀ နီးပါးသည် လျှပ်စစ်ဓာတ်အားပြတ်တောက်နေခဲ့သည်ဟု ဓာတ်အားပြတ်တောက်မှုများကို ခြေရာခံသော Poweroutge.us ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ်တွင် အမေရိကန်၏ပထမဆုံး ဆောင်းမုန်တိုင်းကြီးသည် ဇန်နဝါရီ ၆ ရက်ညတွင် အရှေ့သို့ လျင်မြန်စွာရွေ့လျားကာ အနောက်အတ္တလန်တစ်သို့ ရောက်သွားလိမ့်မည်ဟု အမျိုးသားမိုးလေဝသဌာန(NWS)က ပြောကြားခဲ့သည်ဆိုသော်လည်း တောင်တန်းဒေသအချို့တွင်လည်းကောင်း၊ မစ်-အတ္တလန်းတစ်ဒေသတွင်လည်းကောင်း ပမာဏမများသည့် ဆီးနှင်းစုပုံမှုအချို့ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဟု ဆိုသည်။
ဆောင်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အလွန်အေးသော အပူချိန်တို့ ရက်အတန် ကြာဖြစ်ပေါ်နေမည်ဟုခန့်မှန်းထားပြီး ကန်းဆက်စီးတီးလိုမြို့များသည် အနုတ် ၁၇ ဒီဂရီဆဲလ်စီယပ်(သုညဒီဂရီ ဖာရင်ဟိုက်)အောက်ရှိသော အရိုးကွဲအောင်အေးသော လေအေးများတိုက်မည်ဟု ခန့်မှန်းထားသည်။
အပူချိန်သည် US Gulf Coast တွင် ရာသီအလိုက် စံနှုန်းများအောက်ကို ၁၀ ဒီဂရီလျော့ကျနိုင်သည်ဟု ဆိုသည်။
၀ါရှင်တန်တွင် နှင်းထုလက်မအနည်းငယ်က ဒေါ်နယ်ထရန့်၏ရွေးကောက်ပွဲ အောင်ပွဲအသိအမှတ်ပြုရေးအတွက် ကွန်ဂရက်အစည်းအဝေးကိုအဟန့်အတားဖြစ်စေခြင်းမရှိပေ။
သမ္မတဂျိုးဘိုင်ဒင်သည် ပြင်းထန်မိုးလေဝသကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး သက်ရောက်သည့် ဒေသများကိုပ့့ံပိုးပေးရန် အသင့်ဖြစ်နေသည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
မုန်တိုင်းကြောင့်ဖက်ဒရယ်ရုံးများ၊စာသင်ကျောင်းများပိတ်ထားသည့် အမေရိကန် မြို့တော်ဝါရှင်တန်၏မြို့ခံများသည် ထူးထူးခြားခြား နှင်းကျသောနေ့တွင် အပြင်၌ တစ်ရက်တာ ကုန်ဆုံးခဲ့ကြပြီး လူရာပေါင်းများစွာသည် နှင်းလုံးပစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဆောင်းမုန်တိုင်းသည် အရှေ့ဘက်ကို ရွေ့လျားသွားရာတွင် ကန်းဆက်နှင့်မစ်ဆိုရီပြည်နယ်တို့တွင် ဆီးနှင်းများပိတ်ဖုံးသည့် အနေအထားဖြစ်ခဲ့သည်။ ကင်တပ်ကီပြည်နယ်၏ဒေသများနှင့်အခြားနေရာများတွင် အန္တရာယ်များသည့် ရေခဲခြင်းတို့ဖြစ်ပေါ်ခဲ့သောကြောင့် အဝေးပြေးလမ်းများသည် ရေခဲ ပြင်အဖြစ်ပြောင်းလဲသွားခဲ့ပြီး သစ်ပင်များလဲကျခဲ့သည်။
မိုးလေဝသနှင့်ဆက်စပ်ပြီး နှစ်ဦးသေဆုံးခဲ့သည်ဟု မစ်ဆိုရီပြည်နယ် Highway Patrol အဖွဲ့ကပြောကြားခဲပြီး သောင်တင်နေသော ကားသမား ၁,၀၀၀ ကျော်ကို ဇန်နဝါရီ ၄ ရက်ညပိုင်းတွင် အကူအညီများပေးခဲ့ရသည်ဟု ဆိုသည်။
ကန်းဆက်ပြည်နယ်တွင် အဝေးပြေးလမ်း၌ ကားတစ်စီးလမ်းချော်ခဲ့ပြီးနောက် လူနှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ အရှိန်မထိန်းနိုင်သော ကုန်တင်ကားကြီးနှင့်တိုက်မိခဲ့သောကြောင့် နောက်ထပ်တစ်ဦးသေဆုံးခဲ့ သည်ဟု ကန်းဆက် အဝေးပြေးလမ်း ကင်းအဖွဲ့က ပြောသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်