Top News

နှလုံးသားတစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း
24htopnews | January 8, 2025 2:12 PM CST

ဟော့ခ်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူး ဟော့ခ်က ဥရောပဘောလုံး ရပ်ဝန်းနဲ့ ဝေးရာကို ရောက်ရှိနေတာ ကြာပြီဖြစ်တာကြောင့် သူနဲ့  ပတ်သက်တဲ့သတင်းတွေ အတွေ့ရ နည်းသွားပေမဲ့ သူက ဇာတိမြေမှာ ခြေစွမ်းပြနေတုန်းပါပဲ။ အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ ဟော့ခ်က ဘရာဇီးလ်ကလပ် အက်သလက်တီကိုမင်နဲရိုးအသင်းမှာ ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူနေဆဲ ဖြစ်ပါတယ်။ ဟော့ခ်က ကွင်းထဲမှာတင် ခြေစွမ်းပြနေတာ မဟုတ်ဘဲ ကွင်းပြင်မှာလည်း အံ့အားသင့်စရာတွေ လုပ်ပြနေတဲ့သူပါ။ ဇနီးဟောင်းရဲ့ တူမ တော်စပ်သူ နဲ့ ပေါင်းဖက်နေခဲ့တဲ့ ဟော့ခ်က ပြီးခဲ့တဲ့ သောကြာနေ့က ဘုရားကျောင်းမှာ လက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။ ဇန်နဝါရီ(၇)နဲ့ (၈)ရက်တွေမှာလည်း ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဧည့်ခံပွဲတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပါသေးတယ်။ ဇနီးသည်ရဲ့ အမျိုးအဆွေတချို့နဲ့အတူ ပရိသတ်တချို့က သူတို့ရဲ့ပေါင်းဖက်မှုကို ကဲ့ရဲ့ပြစ်တင်နေကြပေမဲ့ ဟော့ခ်ကတော့ ကဲ့ရဲ့ခုနစ်ရက်၊ ချီးမွမ်းခုနစ်ရက်လို့သာ သဘောထားနေပုံပါပဲ။ ဟော့ခ်က သူတို့ရဲ့လက်ထပ်ပွဲကို နှလုံးသားတစ်ခုတည်းအဖြစ် ပေါင်းစည်းခဲ့ကြတာလို့ တောင် ကဗျာဆန်ဆန်ညွှန်းဆိုလိုက်ပါသေးတယ်။


READ NEXT
Cancel OK