
မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက အသင်း၏ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်အား ဖလား (၃)လုံး ရာသီက ခြေစွမ်းမျိုးဖြင့် ပြန်လည်မြင်တွေ့လိုသည်ဟုဆိုခဲ့ပြီး ဂရီးလစ်ရှ်အနေဖြင့် သူ၏နေရာအတွက် တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း တိုက်တွန်းစကား ဆိုခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဂရီးလစ်ရှ်သည် ယခုရာသီတွင် ကစားခဲ့သည့် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀)ပွဲတွင် (၁၄)ပွဲအထိ ကစားခွင့်ရရှိခဲ့သော်လည်း ပွဲထွက်ကစားခွင့်ရသည့် အရေအတွက်မှာ (၆)ပွဲသာရှိခဲ့ကြောင်းလည်း သိရှိရသည်။
ဂွါဒီယိုလာက ''ဖလား (၃)လုံးရတဲ့ ရာသီက ဂရီးလစ်ရှ်ကို ပြန်မြင်ချင်သလားဆိုရင် ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော် တကယ်ကို လိုချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရိုးရိုးသားသားပြောပါမယ်။ သူတို့ တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ ဂရီးလစ်ရှ် ပွဲထွက်ခွင့်သိပ်မရခြင်းအတွက် မမျှတဘူးလို့ ခင်ဗျားတို့ ထင်ရင် ကျွန်တော့်ဘက်ကတော့ အိုခေပါ။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော့်ကို သက်သေပြပါ။ သူ့အနေနဲ့ ဆာဗင်ညိုနဲ့ တိုက်ခိုက်ရပါလိမ့်မယ်။ ဆာဗင်ညိုထက် ဒီနေရာနဲ့ ပိုထိုက်တန်ကြောင်း သက်သေပြဖို့ လိုပါတယ်။ နေ့တိုင်း၊ လေ့ကျင့်ခန်း အစီအစဉ်တိုင်း၊ ပွဲစဉ်တိုင်းမှာ သူ့အနေနဲ့ တိုက်ပွဲဝင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်