
ဝက်စ်ဟမ်းအသင်းသည် လက်ရှိနည်းပြ လိုပယ်တယ်ဟီကို ရာထူးမှထုတ်ပယ်၍ ဂရေဟမ်ပေါ်တာအား အစားထိုးခန့်အပ်ရန် ဆွေးနွေးနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် နည်းပြ ဒေးဗစ်မွိုက်စ်နှင့် လမ်းခွဲပြီး လိုပယ်တယ်ဟီကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
လိုပယ်တယ်ဟီ(၅၈ နှစ်)သည် စပိန်လက်ရွေးစင်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဆီဗီလာအသင်းနှင့်အတူ ယူရိုပါလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သူလည်းဖြစ်သည်။
ဝက်စ်ဟမ်းအသင်းသည် ၎င်းကို (၂) နှစ်စာချုပ်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ နိုင်ပွဲ(၃၁.၈၂ %)သာ ရယူနိုင်ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
လိုပယ်တယ်ဟီသည် ဝက်စ်ဟမ်းအသင်းအား ကိုင်တွယ်ခဲ့သည့် ပြိုင်ပွဲစုံ(၂၂)ပွဲတွင် (၇)ပွဲသာ အနိုင်ရခဲ့ပြီး (၅)ပွဲသရေ၊ (၁၀)ပွဲရှုံးခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း တန်းဆင်းအန္တရာယ်အတွက် စိုးရိမ်ရသည့်အနေအထား ရောက်ရှိလာခြင်းကြောင့် ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများက နည်းပြအပြောင်းအလဲပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဝက်စ်ဟမ်းအသင်းသည် လိုပယ်တယ်ဟီနေရာ အစားထိုးရန် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို နံပါတ်(၁)ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး အားကစားဒါရိုက်တာဖြစ်သူ စတိဒ်တန်နှင့် ဂရေဟမ် ပေါ်တာတို့ ဆွေးနွေးနေပြီဖြစ်ကြောင်းလည်း Daily Mail က ဖော်ပြခဲ့ပြီး သဘောတူညီမှုရရှိထားပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်