Top News

■ လိဂ်ဖလား (Carabao Cup) ဆီမီးဖိုင်နယ်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်
24htopnews | January 8, 2025 1:12 PM CST

◘ အာဆင်နယ် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၈ ရက် နံနက် ၂း၃၀ နာရီ

♦ LAST MEETINGS

၂၀၂၁-၂၂ (EPL)        နယူးကာဆယ်    ၂-၀    အာဆင်နယ်

၂၀၂၂-၂၃ (EPL)        အာဆင်နယ်    ၀-၀    နယူးကာဆယ်

            နယူးကာဆယ်    ၀-၂    အာဆင်နယ်

၂၀၂၃-၂၄ (EPL)        နယူးကာဆယ်    ၁-၀    အာဆင်နယ်

            အာဆင်နယ်    ၄-၁    နယူးကာဆယ်

၂၀၂၄-၂၅ (EPL)        နယူးကာဆယ်    ၁-၀    အာဆင်နယ်

လတ်တလောရလဒ်တွေ ကောင်းနေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံရမှာဖြစ်တယ်။ ဒါပေမဲ့ နယူးကာဆယ်ရဲ့လက်ရှိ ပေါက်ကွဲအားက ပိုကြောက်ဖို့ကောင်းနေတယ်။ ပြိုင်ပွဲစုံ (၆)ပွဲဆက်တိုက် အနိုင်ကစားထားပြီး တိုက်စစ်ရော ခံစစ်ပါ ဟန်ချက် ညီညီ တိုးတက်လာတယ်။ ပရီးမီးယားလိဂ် ပထမအကျော့တွေ့ဆုံမှုမှာလည်း နယူးကာဆယ်က အာဆင်နယ်ကို အနိုင်ရထားတယ်။ ဒီနှစ်သင်း နောက်ပိုင်းတွေ့ဆုံမှုတွေမှာလည်း ရလဒ်ပိုင်းက မကွာခြားဘဲ မျှတတဲ့အနေအထား ဖြစ်နေတယ်။

နယူးကာဆယ်က နည်းပြ အက်ဒီဟောင်းလက်ထက်မှာ လိဂ်ဖလားကို အာရုံစိုက်ကစားပြီး ၂၀၂၂-၂၃ ရာသီမှာ ဗိုလ်လုပွဲ ရောက်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီမှာလည်း ချယ်လ်ဆီးနဲ့တွေ့လို့သာ ကွာတားမှာပဲ ရပ်တန့်ခဲ့ရတာပါ။ အာဆင်နယ်အသင်း

လူစုံ ထုတ်၊ မထုတ် မသေချာလို့ နယူးကာဆယ်နဲ့ပဲ စွန့်စားသင့်တယ်။


READ NEXT
Cancel OK