အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကင်း ဟန်ဂေရီကလပ် ဖယ်ရန်ဗာရို့စ်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံရ
24htopnews | January 8, 2025 1:12 PM CST

အိုင်ယာလန်လက်ရွေးစင်တိုက်စစ်မှူး ဟောင်း ရော်ဘီကင်းသည် ဟန်ဂေရီကလပ် ဖယ်ရန်ဗာရို့စ်အသင်း၏နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။
လီဗာပူးလ်နှင့် စပါးအသင်းတိုက်စစ်မှူးဟောင်းလည်းဖြစ်သူ ရော်ဘီကင်းသည် အစ္စရေးကလပ် မက္ကာဘီတဲလ်အဗစ်အသင်းကို တစ်နှစ်ကြာ ကိုင်တွယ်ပြီးနောက် ပြီးခဲ့သည့်ဇွန်လက လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဖယ်ရန်ဗာရို့စ်အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
ရော်ဘီကင်းအနေဖြင့် ၂၀၁၈ ခုနှစ်၌ အိန္ဒိယကလပ် ATK အသင်းတွင် ကစားသမား-မန်နေဂျာအဖြစ် နည်းပြဘဝ စတင်ခဲ့ပြီး အိုင်ယာလန်လက်ရွေးစင်အသင်းအပြင် မစ်ဒယ်ဘရော့အသင်း နှင့် လိဒ်စ်ယူနိုက်တက်အသင်းများ၌ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
ရော်ဘီကင်းကိုင်တွယ်မည့် ဖယ်ရန်ဗာရို့စ်အသင်းသည် ဟန်ဂေရီလိဂ်တွင် ဒုတိယနေရာ၌ ရှိနေပြီး ယူရိုပါလိဂ်တွင်မူ အဆင့် ၁၆ နေရာတွင် ရပ်တည်နေလျက်ရှိသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်