
မန်ယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းက လီဗာပူးလ်အသင်း၏ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ အာနိုးလ်အား ရီးယဲလ်မက်ဒရစ်အသင်း၏ စိတ်ဝင်စားခြင်းခံနေရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထရန်မဲရိုဗာစ်အသင်းထံသို့သာ သွားရောက်ကစားသင့်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ နောက်ခံလူ အာနိုးလ်သည် ယခုရာသီတွင် လီဗာပူးလ်အသင်း၏ အဓိကကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေပြီး ပုံစံကောင်းပြသနေသော်လည်း မန်ယူနိုက်တက်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင်မူ မန်ယူနိုက်တက်အသင်းတိုက်စစ်ပိုင်း၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရပြီး ၎င်း၏ အားနည်းချက်များက အသင်းအတွက် ပေးဂိုးများကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် လီဗာပူးလ်နည်းပြဖြစ်သူ အာနယ်ဆလော့၏ လူစားလဲခြင်းကိုလည်း ခံခဲ့ရပြီး ရွိုင်ကင်းက အာနိုးလ်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ပြင်းထန်သည့် ဝေဖန်မှုကို ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
ရွိုင်ကင်းက "အခုအချိန်မှာ အားလုံးက အာနိုးလ်က ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားလိမ့်မယ်လို့ ပြောနေ ကြတယ်။ ဒါပေမဲ့ သူ ကစားတဲ့ ခံစစ်အရည်အသွေးနဲ့ဆိုရင်တော့ ထရန်မဲရိုဗာစ်အသင်းကို ပြောင်းရွှေ့လိုက်တာက သူ့ အတွက် ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်တို့က အာနိုးလ်ရဲ့ တိုက်စစ်အတွက် အကျိုးပြုပုံနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့ကြပြီး သူ ဘယ်လောက်ကောင်းသလဲဆိုတာကို ပြောခဲ့ကြတယ်။ ဒါပေမဲ့ အာနိုးလ်ရဲ့ခံစစ်ပိုင်းအရည် အသွေးကတော့ ကျောင်းသားလူငယ်တစ်ဦးအဆင့်ပဲရှိတယ်" ဟု ပြောကြားခဲ့သည်။
ရွိုင်ကင်းက ယင်းကဲ့သို့ ပြင်းထန်စွာ ဝေဖန်ခဲ့ခြင်းသည် ဆိုရှယ်မီဒီယာများထက်တွင် အားကောင်းလျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး ယင်းမှတ်ချက်စကား ထွက်ပေါ်လာခဲ့ပြီးနောက် လိဂ်-၂ ကလပ် ထရန်မဲအသင်း၏ နောက်ခံလူ ကင်မရွန်နော်မန်က "ထရန်မဲဆီသို့ ထရန့်လား။ မလိုပါဘူး။ ကျေးဇူးတင်ပါတယ်"ဟု လူမှုကွန်ရက် X တွင် ပြန်လည်တုံ့ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်