
ဘိုုင်ယန်မြူးနစ်အသင်း၏ ဂိုးသမားဟောင်း အိုလီဗာခန်းသည် ပြင်သစ်ကလပ် ဘော်ဒိုးအသင်းကို ဝယ်ယူရန် ဆွေးနွေးနေကြောင်း သိရသည်။
အိုလီဗာခန်း (၅၅ နှစ်)သည် ၂၀၀၆ ခုနှစ်တွင် ဂျာမနီလက်ရွေးစင် ကစားသမားဘဝမှ အနားယူခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကစားသမားဘဝမှ အပြီးတိုင်အနားယူခဲ့သူဖြစ်သည်။ ၎င်းသည် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ကူးပြောင်းခြင်းမရှိဘဲ ဘိုင်ယန်မြူးနစ်အသင်း၏ စီမံအုပ်ချုပ်ရေးပိုင်းတွင်သာ ဝင်ရောက်ဆောင်ရွက်ခဲ့သည်။
အိုလီဗာခန်းသည် ၂၀၂၁ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ် တွင် အဆိုပါရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ယခုအခါ ၎င်းသည် လုပ်ငန်းရှင်အဖွဲ့အစည်းတစ်ခုနှင့်အတူ ဘော်ဒိုးအသင်းကို ဝယ်ယူရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဘော်ဒိုးအသင်းသည် ဇီဒန်းအပါအဝင် နာမည်ကျော်ပြင်သစ်ကစားသမားများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည့် ကလပ်အသင်းတစ်သင်းဖြစ်သော်လည်း လက်ရှိအချိန်၌ ပြင်သစ်စတုတ္ထတန်းတွင် ယှဉ်ပြိုင်ကစားနေရသည်။ ထို့ပြင် ယူရိုသန်း (၁၀၀)ကျော် အကြွေးတင်နေသည့် အတွက် ပရော်ဖက်ရှင်နယ်ကလပ် အသင်းတစ်သင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ရန်ပင် ရုန်းကန်နေရသည်။
ထို့ကြောင့် အိုလီဗာခန်းက မာဆေးလ်အသင်း၏ ဥက္ကဋ္ဌဟောင်းနှင့်အတူ ဘော်ဒိုးအသင်းကို ဝယ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်