
ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကာကွယ်ဆေးကို စေတနာ့ဝန်ထမ်း အနည်းစုအား ကနဦးစမ်းသပ်ခဲ့မှု၏ ရလဒ်များသည် အလားအလာ ကောင်းမွန်ကြောင်း အမေရိကန်ဆေးကုမ္ပဏီ Moderan က မေ ၁၈ တွင် ပြောကြားခဲ့သည်။
မက်ဆာချူးဆက်၏ ကိန်းဘရစ်ချ်တွင် အခြေစိုက်သော Moderan က ၎င်း၏ ကာကွယ်ဆေး mRNA-1273 ကို လူရှစ်ဦး၌ ကနဦး စမ်းသပ်ခဲ့ရာ ခုခံအား တုံ့ပြန်မှု ရလဒ် ထွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆင့် (၁) စမ်းသပ်မှုရလဒ်အရ mRNA-1273 သည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်စွမ်း ရှိမည်ဖြစ်ကြောင်းနှင့် အဆင့်မြင့် စမ်းသပ်မှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Moderna ၏ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် တာဇက်က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စမ်းသပ်ကာကွယ်ဆေး၏ သတင်းသည် မယုံကြည်နိုင်လောက်အောင်ကောင်းသော သတင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကြိုဆိုခဲ့သည်။
လွန်ခဲ့သော ကိုးနှစ်က တည်ထောင်ခဲ့သော Moderna သည် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ် ကာကွယ်ဆေး ထုတ်လုပ်ရန်အတွက် အမေရိကန် ဖက်ဒရယ်အေဂျင်စီ Biomedical Advanced Research and Development Authority ထံမှ ဒေါ်လာ ၄၈၃ သန်း အထောက်အပံ့ ရထားသည်။
အဆင့်(၁) စမ်းသပ်မှုတွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်း လူနာ ၁၅ ဦးကို ထိုးဆေးပမာဏ သုံးမျိုးခွဲ၍ ထိုးပေးခဲ့ကြောင်း၊ ရလဒ်အပြည့်အစုံကို မသိရသေးကြောင်း Moderna က ပြောကြားခဲ့သည်။
အဆင့် (၂) စမ်းသပ်မှုအတွက် အမေရိကန် အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့ (FDA) မှ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း၊ ယခု သုံးလပတ်တွင် စမ်းသပ်မှု စတင်မည် ဖြစ်ကြောင်း Moderna က ပြောကြားခဲ့သည်။
ကာကွယ်ဆေးတစ်မျိုး၏ ထိရောက်မှု၊ ခိုင်လုံမှုအတွက် အရေးအကြီးဆုံးအဆင့်ဖြစ်သော အဆင့်(၃) စမ်းသပ်မှုကို ဇူလိုင်၌ စတင်မည်ဖြစ်ကြောင်း Moderna ၏ အမှုဆောင်ချုပ် စတီဖင်ဟို့က ပြောကြားခဲ့သည်။
လန်ဒန်ရှိ London School of Hygiene & Tropical Medicine မှ ဆေးဝါးနှင့် ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ စတီဖင်အီဗင်က အပြုသဘောရလဒ် ဖြစ်သော်လည်း သတင်းထုတ်ပြန်ချက်ရလဒ်ကို အတည်ယူရန် ခက်ခဲကြောင်း ပြောခဲ့သည်။ ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ကို အမှန်တကယ် ကာကွယ်နိုင်ခြင်း ရှိ၊ မရှိကို အဆင့် (၃) စမ်းသပ်မှု မပြီးဆုံးမီအထိ သိရမည် မဟုတ်ကြောင်း အီဗင်က ပြောကြားခဲ့သည်။
အမေရိကန် လူထုကို ကာကွယ်ဆေး ထိုးပေးနိုင်ရန်အတွက် ၂၀၂၁ ဇန်နဝါရီ မတိုင်မီ ကာကွယ်ဆေး သန်း ၃၀၀ အလိုရှိကြောင်း ပြောကြားထားသည်။ ထရန့်အစိုးရအဖွဲ့သည် Moderna၊ Johnson & Johnson နှင့် ပြင်သစ်ကုမ္ပဏီ Sanofi တို့ကို ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် ငွေကြေးထောက်ပ့ံထားသည်။
ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် နှစ်ချီကြာမြင့်နိုင်သော်လည်း ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုက ကြီးမားသောကြောင့် ကာကွယ်ဆေးထုတ်လုပ်ရန် အပူတပြင်း ကြိုးပမ်းမှုကို တွန်းအားဖြစ်ခဲ့သည်။
လူတွင် စတင်စမ်းသပ်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် ကာကွယ်ဆေး တစ်ဒါဇင်ကျော်ရှိနေပြီး ထက်ဝက်ခန့်သည် တရုတ်တွင် စမ်းသပ်နေခြင်းဖြစ်ကြောင်း London School of Hygiene & Tropical Medicine က ဆိုသည်။
စမ်းသပ်ကာကွယ်ဆေး ငါးမျိုးကို လူတွင် စမ်းသပ်သည့် အဆင့်ဆောင်ရွက်နေကြောင်း တရုတ်က ပြောကြားထားသည်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် စမ်းသပ်မှုတွင် စိန်ခေါ်မှုမှာ ဘေးကင်းလုံခြုံမှု ရှိသော ကာကွယ်ဆေး ဖြစ်ရန်သာမက ဘီလျံနှင့်ချီပြီး ထုတ်လုပ်နိုင်ရန်လည်း လိုအပ်သည်။ Moderna အပါအဝင် ဆေးကုမ္ပဏီကြီးများက စမ်းသပ်မှုများ မပြီးမီကပင် ကာကွယ်ဆေးထုတ်လုပ်မှုကို ဖြည်းဖြည်းချင်း စထားမည်ဟု ပြောကြားထားကြသည်။
တစ်နှစ်လျှင် ထိုးဆေး တစ်ဘီလျံအထိ ထုတ်လုပ်နိုင်ရန်အတွက် Moderna သည် ဆွစ်ဇာလန် ဆေးထုတ်လုပ်ရေးကုမ္ပဏီကြီး Lonza နှင့် ပူးပေါင်းကြောင်း မကြာသေးမီက ကြေညာခဲ့သည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်