
ရုရှားတွင် ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ တည်ငြိမ်နေခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီးနောက် နေ့စဉ်ကူးစက်သူသစ်အရေအတွက် ၉၀၀၀ ကျော်ရှိခဲ့ရာ မေ ၁၉ တွင် နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်းသည် ၃၀၀၀၀၀ နီးပါးသို့ မြင့်တက်လာခဲ့သည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်သူသစ် ၉၂၆၃ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့ရာ ကူးစက်သူစုစုပေါင်း ၂၉၉၉၄၁ ဦး ရှိခဲ့ပြီး ကမ္ဘာတွင် အမေရိကန်ပြီးလျှင် ကူးစက်သူဒုတိယမြောက် အများဆုံးနိုင်ငံ ဖြစ်နေသည်။
အစိုးရအဖွဲ့၏ အခြားထိပ်တန်းတာဝန်ရှိသူများနှင့်အတူ COVID-19 ဖြစ်ပွားခဲ့သော ဝန်ကြီးချုပ် မီခေးလ်မစ်ရှုစတင်က နိုင်ငံတွင်း ကူးစက်သူသစ် မြင့်တက်မှုကို ဟန့်တားနိုင်ခဲ့ပြီဖြစ်ကြောင်း မေ ၁၈ တွင် ပြောကြားခဲ့သော်လည်း အခြေအနေသည် ခက်ခဲနေဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။
မေ ၁၈ တွင် ကူးစက်သူသစ်အရေအတွက်သည် မေလဆန်းနောက်ပိုင်း ၉၀၀၀ အောက်သို့ ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီးနောက် မေ ၁၉ တွင် ကူးစက်သူသစ်အရေအတွက်က ၁၀၀၀၀ အောက်သို့ လေးရက်ဆက်တိုက် ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။
မေ ၁၈ တွင် နောက်ဆုံးအခြေအနေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သေဆုံးသူသစ် ၁၁၅ ဦး ရှိခဲ့ရာ နိုင်ငံတစ်ဝန်း သေဆုံးသူ စုစုပေါင်း ၂၈၇၃ ဦး ရှိလာခဲ့သည်။
ရုရှားတွင် သေဆုံးသူအရေအတွက် တရားဝင်ထုတ်ပြန်ထားမှုကို ဝေဖန်သူများက သံသယရှိနေကြပြီး ကပ်ရောဂါ၏ ပြင်းထန်မှုအား မှိန်ချရန်အတွက် သေဆုံးမှုများ ကို အာဏာပိုင်များက အပြည့်အဝ ထုတ်ပြန်ခဲ့ခြင်းမရှိဟုလည်း စွပ်စွဲခဲ့ကြသည်။
အမေရိကန်နှင့် အနောက်ဥရောပ၏ အခြားနိုင်ငံများထက် သေဆုံးသူအရေအတွက် တရားဝင် နည်းပါးနေရသည့် အကြောင်းရင်းတစ်ခုမှာ ဗိုင်းရပ်စ်ကြောင့် တိုက်ရိုက်သေဆုံးခဲ့သူအရေအတွက်ကိုသာ ထည့်သွင်းတွက်ချက်ခဲ့၍ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် နောက်ကျမှ ဖြစ်ပွားခဲ့ခြင်းကြောင့် ဆေးရုံများအတွက် ကြိုတင်ပြင်ဆင်ရန် အချိန်ပိုမိုရရှိခဲ့ပြီး ကူးစက်မှုနှေးကွေးစေရန် ရောဂါစစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း အာဏာပိုင်များက ပြောကြားခဲ့ကြသည်။
ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော ဝန်ကြီးချုပ် မစ်ရှုစတင်သည် တာဝန်ပြန်လည် ထမ်းဆောင်နေပြီဖြစ်ကြောင်း ကရင်မလင်က မေ ၁၉ တွင် ထုတ်ပြန်ခဲ့သည်။ အသက် ၅၄ နှစ်ရှိ မစ်ရှုစတင်သည် ကုသမှုခံယူနေစဉ် ဧပြီ ၃၀ နောက်ပိုင်း ဒုတိယဝန်ကြီးချုပ်က ယူထားသည့် ပုံမှန်တာဝန်များကို မစ်ရှုစတင်က ပြန်လည်ထမ်းဆောင်ရန် သမ္မတအမိန့်ကို သမ္မတဗလာဒီမာပူတင်က ထုတ်ပြန်ခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် ပူတင်က အံ့အားသင့်ဖွယ် ခန့်အပ်ခဲ့သော မစ်ရှုစတင်သည် ဆေးရုံတွင် ကုသမှုခံယူနေသော်လည်း အစိုးရအစည်းအဝေးများတွင် ဆက်လက်ပါဝင်ခဲ့သည်။
မစ်ရှုစတင်က COVID-19 ကူးစက်ခံရကြောင်း ပူတင်ကို အသိပေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးချုပ် အင်ဒရေးဘီလူဆော့ဗ်အား အစားထိုး တာဝန်ထမ်းဆောင်ရန် ပူတင်က အမိန့်ဖြင့် ခွင့်ပြုခဲ့သည်။ မစ်ရှုစတင် ပြန်လည်ကောင်းမွန်လာမှု သို့မဟုတ် အခြေအနေများကို အသေးစိတ် မထုတ်ပြန်ခဲ့ပေ။
ရုရှားတွင် ယဉ်ကျေးမှု၊ ပညာရေး၊ ဆောက်လုပ်ရေးဝန်ကြီးများအပြင် ပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ်သည်လည်း ဗိုင်းရပ်စ်ကူး စက်ခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်