
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကျဆင်းနေသည့် ဂျပန်တွင် စီရင်စုဒေသအချို့၌ အရေးပေါ်အခြေအနေ ကြေညာထားမှုကို ယခုသီတင်းပတ်အတွင်း ရုပ်သိမ်းပေးနိုင်ဖွယ်ရှိကြောင်း Asahi သတင်းစာက မေ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် အရေးပေါ်အခြေအနေကြေညာထားသော စီရင်စုဒေသ ၄၇ ခုထဲမှ စီရင်စု ၃၉ ခုကို ပြီးခဲ့သည့်သီတင်းပတ်တွင် အရေးပေါ်အခြေအနေကြေညာချက် ရုပ်သိမ်းပေးခဲ့ပြီး ပြည်သူများအနေဖြင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းနှင့်သက်ဆိုင်သည့် လူနေမှုဘဝပုံစံသစ်ကို လိုက်နာကျင့်သုံးကြရန်၊ ကူးစက်မှုတစ်ဟုန်ထိုး မြင့်တက်လာနိုင်ဖွယ်ရှိမှုမှ ကာကွယ်တားဆီးကြရန် တိုက်တွန်းခဲ့သည်။
အရေးပေါ်အခြေအနေကြေညာထားဆဲဖြစ်သော ကျန်စီရင်စု ရှစ်ခုထဲမှ အနောက်ပိုင်းစီရင်စုဒေသများဖြစ်သည့် အိုဆာကာ၊ ကျိုတို၊ ဟိုဂိုတို့တွင် အရေးပေါ်အခြေအနေ ကြေညာချက်ကို အစိုးရအဖွဲ့က ယခုသီတင်းပတ်အတွင်း ရုပ်သိမ်းပေးနိုင်ဖွယ်ရှိကာ ဟော့ကိုင်းဒိုး၊ တိုကျိုနှင့် ယင်းစီရင်စုများ၏ အနီးဝန်းကျင်တွင်ရှိသော ဒေသများ၌ အရေးပေါ်အခြေအနေကြေညာချက်ကို ဆက်လက်ထားရှိထားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အစိုးရအဖွဲ့သတင်းရင်း မြစ်တစ်ဦးကို ကိုးကား၍ Asahi သတင်းစာက ဖော်ပြခဲ့သည်။
အခြားသောနိုင်ငံ့ခေါင်းဆောင်များနည်းတူ အာဘေးသည် စစ်ပြီးခေတ်နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေနှင့် ကြုံတွေ့နေရသော နိုင်ငံ့စီးပွားရေး ပြိုလဲသွားခြင်း မရှိစေရန် ကာကွယ်ခြင်းနှင့် ပြည်သူလူထု ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ဟန်ချက်ညီညီဆောင်ရွက်ရန် ဖိအားနှင့် ရင်ဆိုင်နေရသည်။
ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ကုန်ပစ္စည်းသုံးစွဲမှုနှုန်းကို ထိခိုက်နေချိန်တွင် ဂျပန်နိုင်ငံသည် လေးနှစ်ခွဲအတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုနှင့် ကြုံတွေ့နေကြောင်း မေ ၁၈ ရက်တွင် ထုတ်ပြန်သော နှစ်တစ်နှစ်၏ ပထမသုံးလဆိုင်ရာ စာရင်းအချက်အလက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဂျပန်၏နယ်မြေဒေသ အများအပြား၌ အရေးပေါ်အခြေအနေကြေ ညာထားမှုအား ရုပ်သိမ်းပေးထားခြင်းနှင့်အတူ အရေးပေါ်အခြေအနေကြေညာထားဆဲဖြစ်သော စီရင်စုများ၌ ပါဆယ်စနစ်ဖြင့် သာရောင်းချသည် Starbucks ကော်ဖီဆိုင်အချို့အပါအဝင် Starbucks ဆိုင်ခွဲ ၈၅၀ ခန့်ကို မေ ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိသည့် အခြားသော စီးပွားရေးလုပ်ငန်းများထဲတွင် အပါအဝင်ဖြစ်သော Toho Cinemas ၏ ရုပ်ရှင်ရုံ ၂၃ ရုံထက်မနည်းကို မေ ၂၂ ရက် တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။
မေ ၂၄ ရက်တွင် စတင်ကျင်းပရန် ကနဦးစီစဉ်ထားသော ဆူမိုနပန်းပွဲစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် နွေရာသီ ဆူမိုနပန်းပွဲစဉ် များကို ဇူလိုင်လတွင် ပြန်လည်စတင်နိုင်ရန် မျှော်လင့်ထားကြောင်း ဂျပန်ဆူမိုနပန်းအဖွဲ့ အစည်းက ထုတ်ပြန်ထားသည်။ နပန်းသမားများနှင့် ဒိုင်လူကြီးများအပါအဝင် နပန်းအဖွဲ့ဝင်များအား ရောဂါပိုးစမ်းသပ်စစ်ဆေးမှုကို မေ ၁၈ ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ရောဂါပိုးစစ်ဆေးချက် ရလဒ်များကိုလည်း အဖွဲ့၏ ဆုံးဖြတ်ချက်အတွင်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ထိုအဖွဲ့က ဆိုသည်။
ဂျပန်ရိုးရာအားကစားပွဲဖြစ်သော ဆူမိုနပန်းပွဲသည် ကပ်ရောဂါကြောင့် အခက်အခဲများနှင့်ကြုံတွေ့နေရပြီး နပန်းအဖွဲ့ဝင်အများအပြား ရောဂါပိုးကူးစက်ခံထားရခြင်းနှင့်အတူ အသက် ၂၈ နှစ်အရွယ် နပန်းသမား တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပြီးခဲ့သည့်သီတင်းပတ်တွင် သေဆုံးသွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်