
နာမည်ကျော် UFC ဖိုက်တာ နှစ်ဦးဖြစ်သည့် မက်ဂရီဂေါ်နှင့် ပွိုင်ရီယာတို့၏ပွဲစဉ်ကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ဇန်နဝါရီလ (၂၃)ရက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပရိသတ်(၂ဝဝဝ)ခန့် ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း သိရှိရသည်။
မက်ဂရီဂေါ်နှင့် ပွိုင်ရီယာတို့သည် ၂၀၁၄ ခုနှစ်က တစ်ကြိမ်ထိုးသတ်ခဲ့ဖူးပြီး ထိုအချိန်က မက်ဂရီဂေါ်က ပွဲစပြီး (၂)မိနစ်အတွင်း အနိုင်ယူ ထိုးသတ်ခဲ့ဖူးသည်။
ပွိုင်ရီယာက သူသည် လွန်ခဲ့သည့် (၆)နှစ်က ရှုံးပွဲအပေါ် သင်ခန်းစာယူပြီး ပြင်ဆင်ခဲ့သဖြင့် ယခုအချိန်တွင် ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်နေပြီဖြစ်သည်ဟု ပြောကြားခဲ့သည်။
သူသည် ယခုပွဲစဉ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကိုပါ ပြုလုပ်ထားပြီး မက်ဂရီဂေါ်ကို အနိုင်ကစားသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ယခုပွဲစဉ်တွင် ထိုးသတ်မည့် ကစားသမားနှစ်ဦးစလုံးသည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွင်း ရုရှားကစားသမား ခါဘိကို ရှုံးနိမ့်ထားဖူးကြသူများဖြစ်ပြီး မက်ဂရီဂေါ်ကမူ ယခုပွဲစဉ်တွင် အနိုင်ကစားပြီးပါက ခါဘိနှင့် ပြန်လည်ထိုးသတ်ရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ယင်းပွဲစဉ်ကို ဗြိတိန်တွင် BT Sport Box Office တွင် ကြည့်ရှုခွင့်ရမည်ဖြစ်သလို၊ BT Sport App နှင့် ဝက်ဘ်ဆိုက်တို့တွင်လည်း ကြည့် ရှုနိုင်မည်ဖြစ်သည်။ အမေရိကန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များကမူ ESPN+ ရုပ်သံမှတစ်ဆင့် ကြည့်ရှုခွင့်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်