
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဗီလာအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ကွင်းလယ်လူ ဒီဘရိုင်နားနှင့် ညာနောက်ခံလူ ဝေါ်လ်ကာတို့၏အခြေအနေ ပြင်းထန်မှုမရှိစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကျန် အဖြစ် ဗုဒ္ဓဟူးနေ့က ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၂)ဂိုးပြတ်အနိုင်ရခဲ့သည်။
သို့သော် အဆိုပါပွဲတွင် မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာသည် ပြိုင်ဘက်ကွင်းလယ်လူ ဂရီးလစ်ရှ်နှင့် ထိခိုက်မိရာမှ ပထမပိုင်း (၂၈) မိနစ်မှာပင် လူစားလဲခဲ့ရသလို၊ ဒီဘရိုင်းနားမှာလည်း ကြွက်သားဒဏ်ရာကြောင့် ဒုတိယပိုင်း (၅၉) မိနစ်တွင် လူစားလဲ ခဲ့ရသည်။
၎င်းတို့၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ ဂွါဒီယိုလာက "ပထမဆုံးအနေနဲ့ ပြောချင်တာက ကျွန်တော် ဆရာဝန်နဲ့ စကား မပြောရသေးပါဘူး။ ကိုင်လီ(ဝေါ်လ်ကာ)က တစ်ခုခုဖြစ်နေလို့ လူစားလဲခိုင်းတာပါ။ သာမန်ထိခိုက်မိတာပဲဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီဘရိုင်းနားကလည်း ခြေထောက်ကို လက်နဲ့ကိုင်ထားရတယ်။ ဒါက ကြွက်သားမှာတစ်ခုခုဖြစ်တဲ့ပုံစံပါပဲ။ ဒီလောက်ပွဲအရေအတွက်ကစားရချိန်မှာ ဒီလိုဖြစ်တတ်တာက ပုံမှန်ပါပဲ။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့သူဖြစ်လို့ အနားမပေးတာပါ"ဟု ပြောကြားခဲ့သည်။
ဒီဘရိုင်းနားသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်းအတွက် ဂိုးဖန်တီးမှု (၁၀)ကြိမ်အထိ ပြုလုပ်ပေးထားပြီး အသင်း၏အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်