
ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ဇီဒန်းက တတိယတန်းကလပ် အယ်လ်ကိုယာနိုအသင်းကို ရှုံးနိမ့်ကာ ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းအတွက် မိမိတွင် အပြည့်အဝတာဝန်ရှိသည်ဟုဆိုခဲ့ပြီး၊ ကစားသမားများကိုမူ ချီး ကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ဇီဒန်း၏အသင်းသည် ဘုရင့်ဖလားပြိုင်ပွဲမှ စောစော စီးစီးထွက်ခွာရသည်မှာ (၂)နှစ်ဆက်ဖြစ်ပြီး၊ ဘန်ရှူးစတား နည်းပြခဲ့စဉ်က တတိယတန်းကလပ်အသင်းတစ်သင်းကို ရှုံးနိမ့်ကာ ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက်ပိုင်း ယခုနှစ်တွင် တတိယတန်းကလပ်အသင်းတစ်သင်းကို ရှုံးနိမ့်ကာ ပထမဆုံးအကြိမ် ထွက်ခဲ့ရခြင်းလည်းဖြစ်သည်။
ဇီဒန်းက ယင်းရှုံးပွဲနှင့်ပတ်သက်ပြီး "ကျွန်တော်တို့အသင်း ရှုံးပြီးတိုင်းမှာ ကျွန်တော် အမြဲပြောခဲ့သလိုပဲ ဒီရှုံးပွဲအတွက် ကျွန်တော် အပြည့်အဝတာဝန်ယူပါတယ်။ ပြီးတော့ ကျွန်တော် တည်တည်ငြိမ်ငြိမ်ပါပဲ။ ကစားသမားတွေက ဒီပွဲကို အနိုင်ရချင်ခဲ့သလို၊ နိုင်ပွဲရဖို့အတွက်လည်း အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေတော့ ဘောလုံးမှာ ခြားနားတဲ့အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။ ကျွန် တော်တို့အသင်းသာ ဒုတိယဂိုး၊ တတိယဂိုးတွေ သွင်းနိုင်ခဲ့ရင် အခြေအနေက တစ်မျိုးဖြစ်သွားမှာပါ။ ဒါပေမဲ့ သူတို့အသင်းဂိုးသမားက အရမ်းကောင်းတဲ့ကာကွယ်မှု (၂)ကြိမ်၊ (၃)ကြိမ်လောက် လုပ်နိုင်ခဲ့ပြီးနောက် အခြေအနေကပြောင်း လဲသွားပါတယ်"ဟု ပြောကြားခဲ့သည်။
စပိန်နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဟိုဆေးလူးဝစ်ဆန်းချက်ဇ်ကမူ ဇီဒန်းသည် သူ၏ ရာထူးအတွက် ဖိအားများနေသည်ဟု မီဒီယာများက ဖော်ပြနေသော်လည်း ရီးယဲလ်မက်ဒရစ်အသင်းသည် ရာသီမကုန်မချင်း ရာထူးမှ ထုတ်ပယ်မည်မဟုတ်ဟု ဆိုခဲ့သည်။
ထို့ပြင် ဇီဒန်းကလည်း လက်ရှိတွင် ရလဒ်များဆိုးရွားနေသော်လည်း မိမိအနေဖြင့် အသင်းကစားသမားများ၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်