Top News

ဘရိုင်ယန်ဟီလ်ကစပါးတိုက်စစ်ကို ဘယ်လောက်အကျိုးပြုနိုင်မလဲ
24htopnews | January 8, 2025 6:12 AM CST

တကယ်တော့ စပါးအသင်းရဲ့တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းက ထင်သလောက်တော့ အားမနည်းလှဘူး။ လက်ရှိ ဘောလုံး လောကရဲ့ အကောင်းဆုံး အထောင်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဟာရီကိန်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်တယ်။ ဆွန် ဟောင်မင်၊ လူးကပ်စ်မော်ရာ၊ ဘာ့ဂ်ဝင်းချ်တို့လို တောင်ပံကစား သမားကောင်းတွေ ရှိနေပြီး ကွင်းလယ်တိုက်စစ်နေရာမှာလည်း ဒယ်လီအယ်လီ၊ လိုဆယ်လ်ဆို၊ အန်ဒွန်ဘီလီတို့လို ကြယ်ပွင့်တွေ ရှိနေသေးတယ်။ ဒါပေမဲ့ မော်ရင်ဟိုမထွက်ခင် ပြီးခဲ့တဲ့နှစ် ဇန်န ၀ါရီလောက်တည်းက အားနည်းနေတဲ့ တိုက်စစ်ပိုင်းက အခု နူနိုဆန်တို လက်ထက်အထိ အားလျော့နေတုန်းပဲ။ ဗြိတိန်မီဒီ ယာတချို့ကတော့ စပါးတိုက်စစ်ပိုင်းအတွက် လိုနေတဲ့ ဟာကွက်ကို ဖြည့်ဆည်းပေးမယ့်သူက စပိန်လူငယ်ကစားသမား ဘရိုင်ယန်ဟီလ်လို့ ဖော်ပြနေကြပါတယ်။ အသက် (၂၀)ပဲရှိသေးတဲ့ ဒီစပိန်လူငယ် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဆီဗီလာအသင်းကနေ လန်ဒန်မြေကို ရောက်ရှိလာသူပါ။ စပါးက ဟီလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်းနီးပါး ပေးခဲ့ရပြီး အသင်းရဲ့ ၀ါရင့် ကစားသမား လာမယ်လာကိုလည်း အလိုက်ပေးခဲ့ရပါသေးတယ်။


READ NEXT
Cancel OK