Top News

ဆူဇူကီးခြေစစ်ပွဲအဖြစ် ဘရူနိုင်းနှင့် တီမော တစ်ကျော့တည်းသာယှဉ်ပြိုင်မည်ဖြစ်ပြီး ကျင်းပမည့်ရက် ထပ်မံထုတ်ပြန်မည်
24htopnews | January 8, 2025 6:12 AM CST

 

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ခြေစစ်ပွဲကို တစ်ကျော့တည်းသာ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ အဆင့် သတ်မှတ်ချက်အရ အနိမ့်ဆုံးဖြစ်သည့် ဘရူနိုင်းနှင့် တီမောအသင်းတို့မှာ ခြေစစ်ပွဲကစားရပြီး စက်တင်ဘာ ၂၁ ရက်ကပြုလုပ်သည့် မဲခွဲပွဲတွင် ခြေစစ်ပွဲ အိမ်ကွင်းကစားရမည့် အသင်းကိုပါ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မဲခွဲမှု အရ ဘရူနိုင်းအသင်းမှာ အိမ်ကွင်းလက်ခံ ကစားခွင့်ရမည်ဖြစ်ပြီး မကျင်းပနိုင်မှသာ အခြားနိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်။ 

AFF အနေဖြင့် ခြေစစ်ပွဲကစားမည့်ရက် မသတ်မှတ်မီ လက်ခံကျင်းပမည့်နိုင်ငံကိုပါ အတည်ပြုသွားမည်ဖြစ်ပြီး တစ်ပေါင်းတည်း ထုတ်ပြန် သွားမည်ဖြစ်သည်။ တီမောနှင့် ဘရူနိုင်း အသင်းသည် ၂၀၁၈ ပြိုင်ပွဲတွင်လည်း ခြေစစ် ပွဲအဆင့်$ တွေ့ဆုံခဲ့ဖူးပြီး တီမောအသင်းက နှစ်ကျော့ပေါင်းရလဒ် (၃-၂) ဂိုးဖြင့် အနိုင်ရ ကာ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ ဆူဇူကီးဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် တီမောအသင်းက နှစ်ကြိမ်နှင့် ဘရူနိုင်းအသင်းက တစ်ကြိမ် တက်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။

AFF သည် ၂၀၁၈ ပြိုင်ပွဲတွင် ပြိုင်ပွဲ ပုံစံအသစ်ဖြင့် စတင်ကျင်းပပြီးနောက် ခြေ စစ်ပွဲကျင်းပသည့်ပုံစံကိုလည်း ပြောင်းလဲခဲ့ကာ အဆင့်သတ်မှတ်ချက်တွင် အနိမ့်ဆုံး နှစ်သင်းကိုသာ ယှဉ်ပြိုင်စေခြင်းဖြစ်သည်။  AFF သည် ယခင်က အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးလေးသင်း သို့မဟုတ် ငါးသင်းကို အုပ်စုပတ်လည်ပုံစံကစားစေ၍ ထိပ်ဆုံးတစ်သင်းကိုသာ ခြေစစ်ပွဲအောင်မြင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ယခင်က ခြေ စစ်ပွဲကစားခဲ့ရသော်လည်း နောက်ပိုင်းတွင် ယှဉ်ပြိုင်ရခြင်းမရှိတော့ကြောင်း သိရသည်။


READ NEXT
Cancel OK