Top News

 နိုင်ငံတကာဘောလုံးပြက္ခဒိန်ကို ဆွေးနွေးရန် နိုင်ငံ ဘောလုံးအဖွဲ့ချုပ်များအား FIFA ဖိတ်ကြား
24htopnews | January 8, 2025 6:12 AM CST

 

ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပမည့် အငြင်းပွားဖွယ် အဆိုပြုချက်အပါအဝင် နိုင်ငံတကာဘောလုံးပြက္ခဒိန်နှင့် ပတ်သက်ပြီး စက်တင်ဘာလ ၃၀ ရက်တွင် အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်သွားရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က  နိုင်ငံ ဘောလုံးအဖွဲ့ချုပ်များအား ဖိတ်ကြားခဲ့သည်။ 

FIFA က လက်ရွေးစင်အသင်းများအ တွက် နိုင်ငံတကာ ဘောလုံးပြက္ခဒိန် ပြန်လည် ရေးဆွဲရန်ဟု ယင်းအွန်လိုင်းဆွေးနွေးပွဲအား ခေါင်းစဉ်တပ်ထားသော်လည်း မီဒီယာများကမူ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်နှစ်တစ် ကြိမ် ကျင်းပမည့်အစီအစဉ်ကို အကောင်အထည်ဖော်ရန်သာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ 

လက်ရှိရေးဆွဲထားသော နိုင်ငံတကာဘောလုံးပြက္ခဒိန်မှာ ၂၀၂၄ ခုနှစ်အထိသာ ဖြစ်ခြင်းကြောင့် အသစ်ရေးဆွဲရန် စီစဉ်ခြင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပမည်ဆိုပါက အပြောင်းအလဲများစွာ ပြုလုပ်ရ ဖွယ်ရှိနေသည်။

 FIFA ၏ ကမ္ဘာ့ဖလားအစီအ စဉ်သစ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အပါအဝင် ဘောလုံးပရိသတ်များ စွာမှ ကန့်ကွက်နေကြသော်လည်း FIFA က ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးမှသာ အ ကောင်အထည်ဖော်ရန် သင့်၊ မသင့် ဆုံးဖြတ်လိုကြောင်း သိရသည်။ 

FIFA က လက်ရှိအနေ အထားကို ဆွေးနွေးအဖြေရှာသည့်အဆင့်ဟု သတ်မှတ်ထားသော်လည်း ယခုနှစ်မကုန်မီ အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ရန် ရည်ရွယ်ထားကြောင်း FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက အတည်ပြုပြောကြားထားသည်။


READ NEXT
Cancel OK