
လာလီဂါပြိုင်ပွဲနှင့် CVC Capital Partners ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့၏ သဘောတူညီမှုကို လက်မခံသည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဘီလ်ဘာအိုအသင်းတို့မှာ အခြားကလပ်များ၏ တိုးတက်မှုကို ဟန့်တားနေခြင်းဖြစ်ကြောင်း လိဂ်ပြိုင်ပွဲ ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲပြောကြားခဲ့သည်။
လာလီဂါပြိုင်ပွဲသည် လူဇင်ဘတ်နိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှု နှင့် အကြံပေးကုမ္ပဏီ CVC Capital Partners ထံ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ယူရို ၂ ဒသမ ၇ ဘီလျံဖြင့် ရောင်းချမည့်အစီအစဉ်အား သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။ ယင်းအစီအစဉ်ကို လာလီဂါ နှင့် ဆီဂန်ဒါ (ဒုတိယတန်း) ကလပ် ၄၂ သင်းအနက် လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဘီလ်ဘာအို၊ ဆီဂန်ဒါကလပ် ရီး ယဲလ်အိုဗီဒို စသည့်လေးသင်းက လက်မခံဘဲ ကန့်ကွက်ခဲ့ကြောင်း သိရသည်။ သို့သော် အမှုဆောင် ကော်မတီအစည်းအဝေးတွင် အဆိုပါသဘောတူညီမှုကို အတည်ပြုခဲ့ပြီး ၎င်းတို့လေးသင်း၏ ကန့်ကွက်မှုကြောင့် စာချုပ်တန်ဖိုးမှာ မူလကြေညာထားသည့် ယူရို ၂ ဒသမ ၇ ဘီလျံ မှ ယူရို ၂ ဒသမ ၁ ဘီလျံသို့ ကျဆင်းသွားခဲ့သည်။
"Boost LaLiga" သဘောတူ ညီမှုဟု အမည်ပေးထားသည့် ယင်းအစီအစဉ်အရ လာလီဂါပြိုင်ပွဲ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို CVC Capital Partners ကုမ္ပဏီထံ ရောင်း ချသွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ မူပိုင်ခွင့် နှင့် စပွန်ဆာမူပိုင်ခွင့်များအတွက် ခံစားခွင့်ရမည်ဖြစ်သည်။ အပြန် အလှန်အနေဖြင့် CVC ထံမှရရှိမည့် ယူရိုနှစ်ဘီလျံကျော်၏ ရာခိုင်နှုန်း ၉၀ ကို လာလီဂါအပါအဝင် ကလပ် အသင်းများ၊ အမျိုးသမီးဘောလုံး၊ ဆီမီးပရိုနှင့် အပျော်တမ်းဘောလုံး လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုပုံစံမှာ ဥရောပထိပ်တန်းလိဂ်များအနက် ပထမဆုံးဖြစ်ပြီး လာလီဂါပြိုင်ပွဲ၏ လက်ရှိတန်ဖိုးကို ယူရို ၂၄ ဒသမ ၂ ဘီလျံ သတ်မှတ်ထားသည်။ ယင်း အစီအစဉ်ကို ကနဦးကန့်ကွက်ခဲ့သည့် လေးသင်းအနက် ဆီဂန်ဒါ ကလပ် ရီးယဲလ်အိုဗီဒိုအသင်းက ဆုံးဖြတ်ချက်ပြင်ဆင်၍ ထောက်ခံခဲ့ရာ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ နှင့် ဘီလ်ဘာအို သုံးသင်းသာကျန်ရှိတော့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ၎င်းတို့၏ရပ်တည်မှု နှင့်ပတ်သက်၍ လာလီဂါပြိုင်ပွဲ ပြောရေးဆိုခွင့်ရှိသူက "သူတို့အနေ နဲ့ ကိုယ့်အတွက် တကယ်ထိရောက်မှု မရှိတဲ့အရာကို စိန်ခေါ်နေတယ်ဆို တာ အံ့သြဖို့ကောင်းပါတယ်။ လာ မယ့်နှစ်တွေမှာ လာလီဂါပြိုင်ပွဲ တိုး တက်လာတဲ့အခါ သူတို့ပဲ အကျိုး ခံစားရမှာပါ။ အခုအချိန်မှာ လာလီ ဂါအနေနဲ့ ၄၂ သင်းမှာ ၃၉ သင်းဆီ က ထောက်ခံကြောင်း သဘောတူ ညီမှုရထားပါပြီ။ ဒီပရောဂျက်အတွက် CVC နဲ့ ဆက်ပြီး အလုပ်လုပ်သွား မှာပါ။ ဒီပရောဂျက်က လာလီဂါနဲ့ ကလပ်အသင်းတွေအတွက် ကောင်း တဲ့ကိစ္စလို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ အဲဒီကလပ်သုံးသင်း ဟာ လိဂ်ပြိုင်ပွဲမှာရှိတဲ့ တခြားကလပ် တွေရဲ့ တိုးတက်မှုကို ဟန်တားဖို့ ကြိုးစားနေတာပါပဲ။ မက်ဒရစ်က လာလီဂါပြိုင်ပွဲတိုးတက်ရေးနဲ့ လိဂ် ပြိုင်ပွဲကို တရားရုံးကနေ ရင်ဆိုင် တတ်တဲ့ သမိုင်းကြောင်းရှိပါတယ်။ လာလီဂါအနေနဲ့ကတော့ ကလပ် အသင်းအများစုရဲ့ အကျိုးစီးပွားကို အမြဲတမ်း ကာကွယ်ပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။
လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီ ယာတီဘက်စ်ကလည်း ယခုအစီအစဉ်ကို ကနဦးတွင် လာပေါ်တာ (ဘာစီလိုနာဥက္ကဋ္ဌ) က ထောက်ခံခဲ့သော်လည်း မက်ဒရစ်၏ငြင်းဆန် မှုကြောင့် ၎င်းပါ လိုက်လျောခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆုံးဖြတ်ရာတွင် ဖလော်ရင်တီနိုပီရက်ဇ်(ရီးယဲလ်ဥက္ကဋ္ဌ) ၏ လွှမ်းမိုးမှုများပါဝင်ကြောင်း ဝေဖန်ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်