
မြန်မာလူငယ်တိုက်စစ်မှူး အောင်ကောင်းမာန် သည် မလေးရှားစူပါလိဂ်ကလပ် ဆရီပါဟန်းအသင်း နှင့် စာချုပ်သက်တမ်းတိုးရန်အတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။
အောင်ကောင်းမာန်သည် ယခုရာသီဝက် အပြောင်းအရွှေ့ကာလမှ ဆရီပါဟန်းအသင်းသို့ ပြောင်းရွှေ့ခဲ့ သော်လည်း အချိန်တိုအတွင်း ခြေစွမ်းပြပြီး ပုံမှန်ကစား ခွင့်ရနေသဖြင့် သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
"ဆရီပါဟန်းအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှု ရရှိထားပါတယ်။ ကျွန်တော်လည်း ဒီအသင်းမှာကစားရတာ အဆင်ပြေတာကြောင့် သက်တမ်းတိုးဖို့ ဆွေးနွေးနေပါတယ်။ နောက်ဆုံးအဆင့် ဆွေးနွေးမှု တွေပြုလုပ်နေပါတယ်။ အထူးသဖြင့် လစာကိစ္စ ဆွေးနွေးနေပါတယ်။ လစာကိစ္စအဆင်ပြေရင် သက်တမ်းတိုးဖြစ်ဖို့ များပါတယ်"ဟု အောင်ကောင်းမာန်က ပြောကြားခဲ့သည်။ အောင်ကောင်းမာန်သည် ရာသီပြီး ဆုံးခါနီးတွင် လေ့ကျင့်ရေးကွင်း၌ရရှိသည့် ဒူးဒဏ်ရာ ကြောင့် ရာသီပိတ်ပွဲစဉ်များကို လွဲချော်ခဲ့ပြီး Malaysia Cup ပြိုင်ပွဲမှသာ ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။
အောင်ကောင်းမာန် ကစားနေသည့် ဆရီပါဟန်း အသင်းသည် Malaysia Cup ပြိုင်ပွဲတွင် အုပ်စု (A) $ ပီနန်၊ ကွာလာလမ်ပူစီးတီးး၊ မလေးရှား ပရီးမီးယား လိဂ်ပြိုင်ပွဲ ဒုတိယဆုရအသင်းတို့နှင့်အတူ ကျရောက် နေပြီး ယင်းပြိုင်ပွဲကို စက်တင်ဘာ (၂၅)ရက်တွင် စတင် ကျင်းပမည်ဖြစ်သည်။ မလေးရှားစူပါလိဂ်ပြိုင်ပွဲမှာ စက်တင်ဘာ (၁၂)ရက်တွင် ပြီးဆုံးသွားပြီး ဆရီပါဟန်း အသင်းက အဆင့် (၁၀)နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အသင်းနှင့်အတူ နာမည်ရလာသည့် တိုက်စစ်မှူး အောင်ကောင်းမာန်သည် ပြီးခဲ့သည့်နှစ် ဆန်းပိုင်းတွင် ပြည်ပကလပ်အသင်းများသို့ စတင် သွားရောက်ကစားခဲ့ခြင်းဖြစ်သည်။
အောင်ကောင်း မာန်သည် ပထမဆုံးနှစ်တွင် ထိုင်းကလပ်အသင်း များသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၀-၂၁ ရာသီတွင် ထိုင်း ကလပ်အသင်း (၃)သင်းအထိ ပြောင်းရွှေ့ကစားခဲ့ သည်။ အောင်ကောင်းမာန်သည် ပြီးခဲ့သည့်ရာသီက ထိုင်းလိဂ်-၁ ကလပ် ထရတ်အသင်းသို့ စတင်ပြောင်း ရွှေ့ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပြိုင်ပွဲ ရပ်နားသည့်အချိန်တွင် ထိုင်းလိဂ်-၂ ကလပ် လမ်ပန် အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ယင်းနောက် ပထမ အကျော့အပြီး ရာသီဝက်အပြောင်းအရွှေ့ ကာလတွင် ထိုင်းလိဂ်-၂ ကလပ် ခွန်ကန်အသင်းသို့ ထပ်မံပြောင်း ရွှေ့ခဲ့ပြီးနောက် ရာသီကုန်တွင် ဆရီပါဟန်းအသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်