
အမေရိကန်နာမည်ကျော်စီးပွားရေးမဂ္ဂဇင်း Forbes မှထုတ်ပြန်သည့် ၂၀၂၁ ဝင်ငွေအကောင်းဆုံးဘောလုံးသမား ၁၀ ဦးစာရင်းတွင် မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒိုက PSG အသင်းမှ မဟာပြိုင်ဘက် မက်ဆီကို ပြန်လည်ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာ ရ ယူနိုင်ခဲ့ကြောင်း သိရသည်။
ယခုထုတ်ပြန်မှုသည် ၂၀၂၁-၂၂ ဘောလုံးရာသီအတွင်း အခွန်မဆောင်မီရရှိမည့် ငွေကြေးပမာဏအပေါ် တွက်ချက်ထားခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုသည် မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့မှုကြောင့် မက်ဆီကို ကျော်တက်နိုင်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုအနေဖြင့် ယခုရာသီတွင် ဝင်ငွေ ဒေါ်လာ ၁၂၅ သန်း ရရှိမည်ဖြစ်ပြီး ယင်းထဲမှ ဒေါ်လာ သန်း ၇၀ မှာ မန်ယူအသင်းထံမှ ရရှိမည့်လစာငွေနှင့် ဆုကြေးများဖြစ်ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် Nike၊ Herbalife၊ Clear စသည့် စပွန်ဆာစာချုပ်များမှ ဝင်ငွေအပြင် ၎င်း၏ကိုယ်ပိုင် CR7 အမှတ်တံဆိပ်များဖြစ်သည့် ရေမွှေး၊ မျက်မှန်၊ အတွင်းခံဘောင်ဘီ၊ ဟိုတယ်များနှင့် အားက စားလေ့ကျင့်ရေးခန်းမများမှ ဝင်ငွေစုစုပေါင်းမှာ ဒေါ်လာ ၅၅ သန်းအထိရှိမည်ဟု Forbes က တွက်ချက်ထားသည်။
စီရော်နယ်လ်ဒိုထက် စီးပွားရေးလုပ်ငန်းဝင်ငွေပိုများသူမှာ အားကစားလောကတွင် သုံးဦးသာရှိပြီး ဖက်ဒါရာ (ဒေါ်လာ သန်း ၉၀)၊ လီဘရွန်ဂျိမ်းစ်(ဒေါ်လာ ၆၅ သန်း)နှင့် တိုက်ဂါးဝုဒ်(ဒေါ်လာ သန်း ၆၀)တို့ဖြစ်သည်။
စီရော်နယ်လ်ဒိုသည် Forbes ၏ ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းတွင် ထိပ်ဆုံးနေရာ၌ နောက်ဆုံးရပ်တည်ထားမှုမှာ ၂၀၁၇ ခုနှစ်ကဖြစ်ပြီး ယင်းနောက်တွင် မက်ဆီက သုံးနှစ်ဆက်တိုက် နံပါတ်တစ်နေရာ ရယူနိုင်ခဲ့ခြင်းလည်း ဖြစ် သည်။
မက်ဆီသည် ယခုရာသီတွင် PSG အသင်းသို့ ပြောင်းရွှေ့မှုကြောင့် ဝင်ငွေအဖြစ် ဒေါ်လာ ၇၅ သန်းအထိ ရရှိမည်ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေမှာမူ ဒေါ်လာ ၃၅ သန်းသာရှိကြောင်း သိရသည်။
ဝင်ငွေအကောင်းဆုံးဘောလုံးသမား ၁၀ ဦး ၏ စုစုပေါင်းဝင်ငွေမှာ ဒေါ်လာ ၅၈၅ သန်း ရှိပြီး ယမန်နှစ် ဒေါ်လာ ၅၇၀ သန်းဝန်းကျင်ထက် ပိုမိုမြင့်တက်လာခဲ့သည်။
■ Forbes၏ ၂၀၂၁ ဝင်ငွေအကောင်းဆုံး ဘောလုံးသမား ၁၀ ဦး
အမည် ဝင်ငွေ(ဒေါ်လာ)
စီရော်နယ်လ်ဒို(မန်ယူ) ၁၂၅ သန်း
မက်ဆီ(PSG) ၁၁၀ သန်း
နေမာ(PSG) ၉၅ သန်း
ဘာပေ(PSG) ၄၃ သန်း
ဆာလာ(လီဗာပူးလ်) ၄၁ သန်း
လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်) ၃၅ သန်း
အင်နီယေစတာ(ဗစ်ဆဲလ်ကိုဘေ) ၃၅ သန်း
ပေါ့ဘာ(မန်ယူ) ၃၄ သန်း
ဘေးလ်(ရီးယဲလ်မက်ဒရစ်) ၃၂ သန်း
ဟာဇက်(ရီးယဲလ်မက်ဒရစ်) ၂၉ သန်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်