Top News

မိမိ၏ အသက်(၁၁)နှစ်အရွယ်မြေးဖြစ်သူ၏ ဘောလုံးစွမ်းရည်မှာ စီရော်နယ်လ်ဒို ယင်းအရွယ်က ခြေစွမ်းထက် ပိုကောင်းသည်ဟု ဒိုလိုရက်စ်ဆို
24htopnews | January 8, 2025 6:12 AM CST

စီရော်နယ်လ်ဒို၏ မိခင်ဖြစ်သူ ဒိုလိုရက်စ်အဗီယိုက မိမိ၏ အသက် (၁၁)နှစ်အရွယ် မြေးဖြစ်သူ၏ ဘောလုံးစွမ်းရည်မှာ စီရော်နယ်လ်ဒို ယင်းအရွယ်က ခြေစွမ်းထက်ပင် ပိုကောင်းသည်ဟု  ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒို၏ သားဖြစ်သူ ရော်နယ်လ်ဒိုဂျူနီယာသည် သူ၏ဖခင်ဖြစ်သူနှင့်အတူ ဘောလုံးလေ့ကျင့်ကစားလေ့ရှိပြီး ဂျူဗင်တပ်စ်လူငယ်အသင်းတွင်လည်း ခြေစွမ်းပြကစားခဲ့သူဖြစ်သည်။

ဒိုလိုရက်စ်က ရော်နယ်လ်ဒိုဂျူနီယာအနေဖြင့် စီရော်နယ်လ်ဒိုကဲ့သို့ ဘောလုံးနည်းပြတစ်ဦးကို ပိုင်ဆိုင်ထားခြင်းကြောင့် ဘောလုံးစွမ်းရည် ပြည့်ဝလာနိုင်ကြောင်း၊ သူ၏ ဖခင်ခြေရာနင်းကာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် နာမည်ကြီးဘောလုံးသမားဖြစ် လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရော်နယ်လ်ဒိုဂျူနီယာကို စီရော်နယ်လ်ဒိုကစားခဲ့သော ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းတွင် ကစားစေရန်လည်း မျှော်မှန်းထားကြောင်း ဒိုလိုရက်စ်က ဆိုခဲ့သည်။

''ငါ မသေခင် ငါ့မြေး စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားတာမြင်ချင်တယ်လို့ သူ့ကို ပြောခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းရဲ့ပွဲတွေကို ကြည့်ရတာ သူကြိုက်ပါတယ်''ဟု ဒိုလိုရက်စ်က ADN de leao podcast တွင် ပြောကြားခဲ့သည်။  


READ NEXT
Cancel OK