
■ ဆမ်ဒိုးရီးယား နှင့် နာပိုလီ (ကြာသပတေးည ၁၁းဝ၀ နာရီ)
နာပိုလီက ရာသီအစမှာ အောင်ပွဲတွေရနေပေမဲ့ ကစားပုံ လိုအပ်ချက်တွေ ရှိနေသေးတာ တွေ့ရတယ်။ ဒါကလည်း ဥရောပနဲ့ ပြည်တွင်းပြိုင်ပွဲနှစ်ရပ် ဟန်ချက်ညီအောင် လျှောက်လှမ်းနေရတာကြောင့်လို့လည်း ပြောရမယ်။ ဆမ်ဒိုးရီးယားက အင်တာ မီလန်ကို အိမ်ကွင်းမှာ ခြေစွမ်းပြပြီး အမှတ်ခွဲယူနိုင်ခဲ့သလို၊ ဒီပွဲမှာလည်း ရမှတ်မျှော်လင့်ချက်အတွက် ပြင်းထန်စွာတိုက်ပွဲဝင်ပါလိမ့်မယ်။ ဆမ်ဒိုးရီးယား အမှတ်ရနိုင်တယ်။
■ တိုရီနို နှင့် လာဇီယို (ကြာသပတေးည ၁၁းဝ၀ နာရီ)
တိုရီနိုက ဒဏ်ရာပြဿနာတွေကြားထဲကနေ အောင်ပွဲတွေ ဖန်တီးပြနေတယ်။ (၂)ပွဲဆက်ဂိုးမပေးခဲ့ရတာလည်း အပြုသဘောဆောင်တဲ့လက္ခဏာပါပဲ။ လာဇီယိုက ဟန်ချက်နည်းနည်းပျက်သွားပုံရပေမဲ့ ဆာရီရဲ့ နည်းဗျူဟာတွေကြောင့် အထင်သေးလို့မရပါဘူး။ တန်ပြန်တိုက်စစ်ကစားပုံလည်း ကောင်းမွန်လို့ ဒါဟာ တိုရီနိုအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။ တိုရီနို တစ်မှတ်ထက် ပိုမျှော်လင့်လို့ မရဘူး။
■ ရိုးမား နှင့် အူဒီးနီးစ် (သောကြာနံနက် ၁း၁၅ နာရီ)
မော်ရင်ဟိုက ရိုးမားကို တိုက်စစ်ဦးစားပေးကစားဟန်နဲ့ ပုံဖော်နေတယ်။ ယူရိုပါကွန်းဖရန့်လိဂ်မှာ အေဘရာဟမ်ကို အရန်ကစားသမားအဖြစ်သာ အသုံးပြုပြီး အယ်လ်ရှာရာဝီ၊ ရှိုမူရိုဒေါ့ဗ်တို့နဲ့ ပွဲထုတ်ခဲ့ပေမဲ့ ပယ်လီဂရီနီ ခြေစွမ်းပြခဲ့လို့ ဂိုးပြတ်နိုင်ပွဲ ပိုင်ဆိုင်ခဲ့တယ်။ အူဒီးနီးစ်က မာဂုဏ်မြင့်ပြီး ခြေစွမ်းအတက်ဘက်ရောက်နေပေမဲ့ ရိုမားပဲ အနိုင်ရပါလိမ့်မယ်။ (၂)ဂိုးပြတ်၊ မပြတ်ပဲ စဉ်းစားရမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်