
လွန်ခဲ့သော သြဂုတ်လတွင် ယူကရိန်း တပ်ဖွဲ့များက ရှောင်တခင် မြေပြင်ထိုးစစ်စ တင်ခဲ့သော အနောက်ပိုင်း ကာ့ရှ်နယ်စပ်ဒေသတွင် ယူကရိန်းက တန်ပြန်ထိုးစစ် ဆင်ခဲ့သည်ဟု ဇန်နဝါရီ ၅ ရက်တွင် ရုရှားကပြော ကြားခဲ့သည်။
ယူကရိန်းက ယင်းဒေသတွင် ပမာဏမည်မျှ စစ်ချီခဲ့သလဲဆိုသည်ကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသော်လည်း ရုရှား လိုလားသော ဘလော့ဂါများက စောစောပိုင်းတွင် ထုတ်ပြန်ရာ၌ အားကောင်းသော တန် ပြန်ထိုးစစ်သစ် စတင်နေသည်ဟု ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် အိမ်ဖြူ တော်သို့ တစ်ကျော့ပြန်မလာမီ နှစ်ဘက်စလုံးက စေ့စပ်ဆွေးနွေးရာတွင် အသာရစေရန် ကြိုးပမ်းနေခြင်းနှင့်အတူ သုံးနှစ်နီးပါးကြာ ယူကရိန်း စစ်ပွဲ၏ အရေးကြီးသောအဆင့်တွင် ယူကရိန်း၏ တန်ပြန်ထိုးစစ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“မော်စကို စံတော်ချိန် မနက် ၉ နာရီမှာ ကာ့ရှ်လားရာဘက်ကို ရုရှားစစ်သားတွေ စစ်ချီတာကို ဟန့်တားဖို့ ရန်သူက တန်ပြန်ထိုးစစ် ဆင်ခဲ့ပါတယ်”ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယူကရိန်းစစ်တပ်က တန်ပြန်စစ်ဆင်ရေးအကြောင်း မှတ်ချက်ပေးခြင်းမရှိဘဲ ကာ့ရှ်ဒေသတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု နေ့စဉ် အစီရင်ခံရာတွင် ရိုးရိုးလေး ပြောကြားခဲ့သည်။
ယူကရိန်းသည် ဆူဒဇာ အရှေ့မြောက်ဘက် ၁၅ ကီလိုမီတာ( ကိုးမိုင်)အကွာရှိ ဘာဒင်းရွာဘက်သို့ ဦးတည်ထားသော စစ်ဆင်ရေးတွင် တင့်ကားနှစ်စီး၊ သံချပ်ကာ ယာဉ်တစ်ဒါဇင်၊ ချေမှုန်းရေးတပ်ဖွဲ့တစ်ဖွဲ့ တို့အသုံးပြုခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။
“ယူကရိန်း စစ်တပ်အစုအဖွဲ့ကို ချေမှုန်းဖို့ စစ်ဆင်ရေး ဆက်လုပ်နေပါတယ်” ဟု ဆိုသည်။
ရုရှားစစ်တပ်သည် ဖိအားပေးခြင်း ခံနေရသည်ဟု ရုရှားလိုလားသော ဘလော့ဂါများက အသိအမှတ်ပြုခဲ့သည် ဆိုသော်လည်း ရုရှားက ပြန်တိုက်နေသည်ဟု ဆိုသည်။
“ယူကရိန်းစစ်တပ်ရဲ့နောက်လာမယ့် ထိုးစစ်ရဲ့အဓိကလှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ထက် ရှေ့ကို ရောက်နေဆဲ ဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်”ဟု နာမည်ကြီး ရုရှားလိုလားသော တယ်လီဂရမ် ချယ်နယ် Rybar က ပြောသည်။
ယူကရိန်း သံချပ်ကာယာဉ်, ယာဉ်တန်းက နှင်းများထဲ ဖြတ်မောင်းသွားသည့် ပုံများကို ရုရှားလိုလားသော စစ်ဘလော့ဂါ ဒီဗာမာ ယိုယာက တယ်လီဂရမ်တွင် မျှဝေခဲ့သည်။
ယူကရိန်း တာဝန်ရှိသူများက ထိုးစစ်သစ်အကြောင်းကို အနည်းငယ်သာ ပြောကြားသည်။ အထင်ကရ လွှတ်တော်အမတ် တစ်ဦးကလည်း ယူကရိန်း၏ တန်ပြန်ထိုးစစ်သစ်အကြောင်းကို ပြောကြားခြင်းမပြုရန် တိုက်တွန်းထားသည်။
“ကာ့ရှ်ဒေသအကြောင်းကို တရားဝင်အားဖြင့် ထုတ်ပြန်ဖို့ ဘာကြောင့် လိုအပ်သလဲဆိုတာကို ကျွန်တော် နားမလည်နိုင်ပါဘူး။ စစ်ဆင်ရေးပြီးတဲ့အခါမှသာ ပြောတာ ပိုကောင်းပါတယ်”ဟု ယူကရိန်း လွှတ်တော် အမတ် အိုလက်ဆီဂွန်ချာရန်ကိုက ပြောကြားခဲ့သည်။ အခြားသော တာဝန်ရှိသူများကမူ ယင်းစစ်ဆင်ရေးကို အားရသည်ဟု ပြောကြားခဲ့ကြသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်